Wednesday, August 05, 2015

အိုင်အက်စ် ချေမှုန်းရေး အီရတ်ကို စစ်ရေးအကူ တိုးမြှင့်ထောက်ပံ့မည်ဟု ဗြိတိန်ပြော


အီရတ်နိုင်ငံကို ရောက်ရှိလာတဲ့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အိုင်အက်စ် အကြမ်းဖက်တွေကို ထိုးစစ် ဆင်နေတဲ့ အီရတ်စစ်တပ်ကို စစ်ရေးအကူ အညီတွေ တိုးမြှင့်ထောက်ပံ့မယ်လို့ ပြီးခဲ့တဲ့ သြဂုတ် ၃ ရက် နေ့က မြို့တော် ဘဂ္ဂဒက်မှာ ပြောဆိုပါတယ်။

အီရတ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးခဲ့အပြီး ဗြိတိန်ကာကွယ်ရေးဝန်ကြီးက အခုလို သတင်း ထောက်တွေကို ပြောဆိုခဲ့ပြီး စစ်ရေးအကူအညီ တွေ တိုးမြှင့်ပေးမှာအပြင် အိုင်အက်စ်စစ်ဆင်ရေး လေကြောင်းပစ်ကူမှုတွေ ကိုလည်း ဆက်ပေးသွားမယ်လို့ ပြောပါတယ်။

ဗြိတိန်နိုင်ငံဟာ အမေရိကန်ဦးဆောင်တဲ့ အစ္စလာမ္မစ်နိုင်ငံတော်အမည်ခံ အိုင်အက်စ် စစ်ဆင်ရေး မဟာ မိတ် လေကြောင်းထိုးစစ်တွေမှာ မဟာမိတ်အဖွဲ့ဝင်အဖြစ် ပါဝင်ပေမယ့် ဗြိတိန်ပါလီမန်ကပဲ ထောက်ခံထား တာပါ။

အီရတ်နိုင်ငံမှာပဲ လေကြောင်းက တိုက်ခိုက်ခွင့်ပေးထားပြီး ဆီးရီးယား နိုင်ငံထဲမှာ ၀င်ရောက် တိုက်ခိုက်ခွင့် တော့ မပြုပါဘူး။

ဗြိတိန်နိုင်ငံဟာ အီရတ်နိုင်ငံအတွင်း လေကြောင်းထိုးစစ်တွေကို ၂၀၁၇ နှစ်ဆန်းအထိ နောက် ၁ နှစ် ထပ် တိုးလိုက်ပြီး သက်တမ်းကြာနေပြီဖြစ်တဲ့ ဗြိတိန်လေတပ်ရဲ့ တော်နေဒိုး (Tornado) တိုက်လေယာဉ်တွေကို ဆက်လက်သုံးစွဲသွားမှာ ဖြစ်ပါတယ်။

DVB

No comments:

Post a Comment

My Blog List