Friday, August 07, 2015

လက်ကျန်ဆန် တန်ငါးသန်းရှိပြီး ဖူလုံကြောင်း အစိုးရထုတ်ပြန်


ပြည်တွင်းဆန်ဈေးကွက်တွင် လက်ရှိအထိ လက်ကျန် ဆန်တန်ချိန် ငါးသန်းခန့်ရှိပြီး စပါး သစ်မပေါ်မီ ရာသီ အထိ ပြည်တွင်းစားသုံးမှု ဖူလုံကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သတင်း ရရှိသည်။

မြန်မာတစ်နိုင်ငံလုံးတွင် စပါးစိုက်ဧက ၁၇ သန်းခန့်ရှိပြီး တစ်နှစ်လျှင် ဆန်တန်ချိန် ၁၅ သန်းခန့်နှစ်စဉ် ထွက်ရှိကာ ပြည် တွင်းစားသုံးမှုအတွက် ဆန်တန် ချိန် ၁၂ သန်းခန့်သုံးစွဲမှုရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန စာရင်းများအရ သတင်းရရှိသည်။

‘‘ပြည်တွင်းစားသုံးမှုအတွက် တော့ ပူစရာမလိုဘူး။ ရေကျတာ နဲ့ ပြန်စိုက် လို့ရတယ်။ လက်ရှိမှာ လည်း ဆန်လုံလုံလောက်လောက် ရှိတယ်။ ပြီးတော့ စပါးက သုံးလ လောက်ကြာရင် တစ်ခါထွက် တော့ စိုးရိမ်စရာမရှိဘူး’’ဟု ကုန် သွယ်မှုမြှင့်တင်ရေးဦးစီးဌာန ညွှန် ကြားရေးမှူး ဦးမြင့်ချိုက ပြောသည်။
မြန်မာနိုင်ငံအနှံ့ရှိ ရေကြီးနေ သည့်ဒေသများအတွက် စပါးများ ပြန်လည် စိုက်ပျိုးနိုင်ရန် မျိုးစပါးများကို မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်နှင့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဦးစီးဌာနတို့က ပူးပေါင်းထုတ် ပေးသွားရန် စီစဉ်နေသည်ဟု သတင်းရရှိ သည်။

ပြည်တွင်း၌ ဆန်အလုံအ လောက်ရှိပြီး လိုအပ်ပါက ပြည်ပ မှတင်သွင်းရန် အစိုးရက ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ ဆန် စပါး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦးက ပြော ကြားသည်။

‘‘မိုးစပါးပေါ်တဲ့အထိ ဆန် က လောက်လောက်ငင ရှိပါ တယ်။ လက်ကျန် အခြေအနေနဲ့ ပတ်သက်ပြီး စာရင်းတွေကို ပြုစုနေပါတယ်’’ဟု ဦးအောင်သန်းဦးက ရှင်းပြသည်။

‘‘နာဂစ်ဖြစ်ပြီးတော့ ဆန် ဈေးတက်မယ်ထင်ပြီး ဆန်ဝယ်စုကြတယ်။ တစ်အိတ်ကို နှစ် သောင်းပေါက်တဲ့ ပေါ်ဆန်း တောင် ကျပ်ရှစ်ထောင် လောက် အထိ ဈေးကျသွားတယ်။ ဒါ ကြောင့် စားသုံးသူတွေကိုပြောချင် တယ် မစိုးရိမ်ကြပါနဲ့လို့’’ဟု ဆန် စပါးကုန်သည် ဦးချစ်ကိုကိုက ပြောသည်။

ထို့ကြောင့် ရေဘေးအန္တရာယ် နှင့်ကြုံတွေ့နေရသည့်ကာလဖြစ် သဖြင့် လက်လီဆန်ဆိုင်များတွင် ဆန်ဈေးများမြင့်တက်နေခြင်းနှင့် ဆန်ကုန်သည်များက ဆန်တစ် အိတ်လျှင် ယခင်ပေါက်ဈေးထက် ကျပ်တစ်ထောင်ခန့် တင်ရောင်း နေခြင်းများကို အရေးမယူနိုင် သော်လည်း ပေါက်ဈေးထက် သောင်းချီတင် ရောင်းနေသည့် ဆန်ကုန်သည် အချို့အား ဆန် ကုန်သည်များအသင်းက ခေါ်ယူ သတိပေးထားကြောင်း သတင်း ရရှိသည်။

လက်ရှိပြည်တွင်း၌ ဆန် လက်ကျန်သည် သက်ဆိုင်ရာ တိုင်းနှင့် ပြည်နယ်များမှ တင်ပြ ချက်အရ ဆန်စက်ပိုင်ရှင်များ၊ လယ်သမားကြီးများ လက်ထဲတွင် မကြိတ်ခွဲရသေးသည့်စပါးများစွာ ရှိနေသည်ကို သိရှိထားကြောင်း ဦးအောင်သန်းဦးက ပြောသည်။

မြန်မာ့စီးပွားရေး ဦးပိုင်လီမိ တက်နှင့် မြန်မာ့စီးပွားရေးကော်ပို ရေးရှင်း (MEC)တို့တွင်လည်း ဆန်တန်ချိန် တစ်သိန်းကျော် လက်ကျန်ရှိနေသေးကြောင်း သိရ သည်။ ထို့အပြင် ပြည်တွင်း၌ ဆန် လိုအပ်လာပါက လည်း ပြည်ပမှတင်သွင်းနိုင်ရန် အစိုးရအဖွဲ့ထံမှ ခွင့်ပြုချက်ရယူထားသည်ဟု ၎င်း က ရှင်းပြသည်။

ရေဘေးသင့် ဒေသများအ တွက် လှူဒါန်းရန်နှင့် ပြည်သူများ စားသောက်ရန် ဆန်ဝယ်ယူလိုပါ က ဝါးတန်းဆန်ကုန်စည်ဒိုင်တွင် ဆန်ကြမ်း တစ်အိတ်လျှင် ကျပ် တစ်သောင်းခုနစ်ထောင်ခန့်ဖြင့် အချိန်ပြည့် ဝယ်ယူနိုင်ကြောင်း ဆန်ကုန်သည်အသင်းက ပြော သည်။ ဝါးတန်း ဆန်စပါးကုန်စည် ဒိုင်သို့ ဧရာဝတီ တိုင်းမှ လက်ရှိ တစ်နေ့လျှင် ဆန်အိတ် လေး သောင်းခန့်အဝင်ရှိပြီး ဆန်တစ် အိတ်လျှင် ယခင်တစ်ပတ် ပေါက် ဈေးထက် ပျမ်းမျှကျပ်နှစ်ထောင် ခန့် ဈေးမြင့်တက်သွားကြောင်း ဆန်ကုန်စည်ဒိုင်စာရင်းများအရ သိရသည်။

လက်ရှိ ရေကြီးနစ်မြုပ်မှု ကြောင့် ပြည်တွင်း၌ ဆန်ပြတ် လပ်မှု မရှိစေရန် ပင်လယ်ရေ ကြောင်းနှင့် နယ်စပ်မှ ဆန်တင်ပို့ နေမှုကိုလည်း တစ်လခွဲခန့်ရပ်နား ထားကြောင်း သြဂုတ် ၆ ရက်၌ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ဦးချစ်ခိုင်က ပြောသည်။

ပြည်တွင်း၌ ရေကြီးမှု ကြောင့် ဆန်ဈေးများမြင့်တက် လာပြီး ယခုနှစ် စားနပ်ရိက္ခာအ တွက် ပြည်သူအများ စိုးရိမ်နေ သည်။ ပြည်တွင်း၌ လက်ကျန် ဆန်မည်မျှရှိပြီး အချိန်ကာလမည် မျှထိဖူလုံသည်ကိုလည်း ပြည်သူ အများက သိရှိလိုကြသည်။

ပြည်ပတင်ပို့မှုကို ယာယီရပ် ဆိုင်းရခြင်းသည် ဈေးကွက် သဘောတရားကို ဆန့်ကျင်ပြု လုပ်ခြင်း မဟုတ်ဘဲ လက်ရှိရေ ဘေးကြုံတွေ့နေရသော အရေးပေါ် ကာလတွင် ဆန်မပြတ်လပ် ရန်နှင့် ဈေးနှုန်းများစွာ မမြင့်တက် စေရန် ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

7Day News Journal

No comments:

Post a Comment

My Blog List