Tuesday, August 04, 2015

တပ်ချုပ်အိန္ဒိယချစ်ကြည်ရေးခရီးမှ စစ်တွေသို့ရေဘေးအတွက်တိုက်ရိုက် သွားရောက်


အိန်္ဒိယနိုင်ငံသို့ချစ်ကြည်ရေးခရီးသွား ရောက်နေသော တပ်မတော်ကာကွယ် ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့်ချစ်ကြည်ရေး ကိုယ်စားလှယ်  အဖွဲ့သည် သြဂုတ် ၁ ရက်နေ့တွင် အိန်္ဒိယ နိုင်ငံကိုးလ်ကတ်္ကားမြို့မှတစ်ဆင့် စစ်တွေမြို့သို့တိုက်ရိုက်သွားရောက်ခဲ့ ကြောင်း နေပြည်တော် မှလာသောသတင်းအရ သိရသည်။

ဇူလိုင် ၃၀ နှင့် ၃၁ ရက်များတွင် ရခိုင်ပြည်နယ်၌လေပြင်းမုန်တိုင်းတိုက်ခတ် မှုကြောင့် အိမ်ခြေ ၄၀၀၀ ကျော်၊ စာသင်ကျောင်း ၃၇ ကျောင်း၊ ဘုန်းကြီး ကျောင်း ၈ ကျောင်းပျက်စီးခဲ့သဖြင့် ရေ ဘေးသင့်ပြည်သူ ၁၈၀၀၀ ကျော် အား ကယ်ဆယ်ရေးစခန်း ၅၃၃ တွင်ကယ်ဆယ်ထောက်ပံ့စောင့်ရှောက်ထား ကြောင်း ၊ မြောက်ဦးနှင့် မင်းပြားမြို့များ မှာ ပျက်စီးမှုအများဆုံးဖြစ်ပြီး မြို့၏ ၄ ပုံ ၃ ပုံခန့်ရေနစ်မြုပ်ခဲ့ကြောင်း၊ပုဏ်္ဏား ကျွန်း မြို့အနီးတွင် တာဝါတိုင်များ ပြိုလဲသဖြင့် လျှပ်စစ်မီးများပြတ်တောက်ခဲ့မှုကြောင့် ရခိုင်ပြည်နယ်အစိုးရ အစီ အစဉ်ဖြင့် ည ၇ နာရီမှ ၁၁ နာရီထိနေ့စဉ်မီးစက်ဖြင့် မီးပေး  လျက်ရှိကြောင်း၊ ထောက်ပံ့ရေးပစ္စည်း များ အသင့်ပြင်ဆင်ထားပြီးလမ်းပွင့်သည်နှင့် အမြန်ဆုံး စစ်တွေမြို့ဦးဥတ်္တမခန်းမ၌ ရခိုင် ပြည်နယ်ဝန်ကြီး ချုပ်က တပ်မတော်ကာကွယ်ရေဦးစီးချုပ်ဦးဆောင်သည့်အဖွဲ့ အားရှင်းလင်းတင်ပြချက်အရ သိရသည်။

မုန်တိုင်းသတင်းများအရ လူ၊ ယာဉ်၊ ယန္တရားနှင့် တပ်များကိုအသင့်စုဖွဲ့ခဲ့ ကြောင်း၊ ယင်းအဖွဲ့များဖြင့် ကယ်ဆယ် ရေးလုပ်ငန်းများ အချိန်မီဆောင် ရွက်ပေး ခဲ့၍ ထိခိုက်ဆုံးရှုံးမှုနည်းစေရန် ကူညီပေး နိုင်ခဲ့ ကြောင်း လိုအပ်ချက်များထပ်မံဖြည့်ဆီးပေးမည်ဖြစ်ကြောင်း၊ သဘောဝဘေးကျရောက်ပါက တပ်မတော် သားများ မော်တော်ယာဉ်၊ လေယာဉ်၊ ရဟတ်ယာဉ်   နှင့် သင်္ဘောများချက်ချင်းစေလွှတ်၍ အချိန်နှင့် တပြေးညီကာကွယ်စောင့်ရှောက်မှုများပြုလုပ်ပေးနေကြောင်း၊ နိုင်ငံတော် အစိုးရနှင့် အဖွဲ့အစည်းအသီး သီးကလည်း  ချက်ချင်းဝိုင်းဝန်းကူညီဆောင်ရွက်လျက် ရှိကြောင်း၊ပြည်သူများကလည်း စည်းလုံး ညီညွတ် စွာဝိုင်းဝန်းကူညီကြစေလိုကြောင်း၊ ဌာနဆိုင်ရာများ ကလည်း သူ့တာဝန်ကိုယ့် တာဝန်မခွဲခြားဘဲဖြေရှင်း နိုင်သည့်ကိစ်္စမှန် သမျှဖြေရှင်းဆောင်ရွက်ရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကမှ ကြားခဲ့ သည်ဟု သိရသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည်ရေဘေးသင့်ပြည်သူ ၄၀၀ အား တွေ့ဆုံအားပေးစကားပြောကြား ပြီး ရေ ဘေးသင့်ပြည်သူများအတွက် တပ်မတော်   နှင့် အစိုးရဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်  ပြည်သူများမှ ထောက်ပံ့လှူဒါန်းသော အလှူငွေကျပ်သိန်း ၂၅၀၀၊ ဆန်အိတ် ၇၀၀၊ စားသောက်ဖွယ်ရာများ၊ အ၀တ် အထည်နှင့် အခြားထောက်ပံ့ရေးပစ်္စည်း များပေးအပ်ခဲ့ကြောင်း သိရသည်။

သြဂုတ် ၂ ရက်နေ့မှစကာတပ်မတော်  လေယာဉ်ဖြင့် ရာဘာစက်လှေများနှင့် ကယ်ဆယ်ရေးပစ်္စည်းများ၊ ထောက်ပံ့ရေး ပစ္စည်းများ၊ နယ်လှယ်ဆေးကုသ ရေး အဖွဲ့နှင့် ဆေးဝါးများပို့ဆောင်ပေးခဲ့ပြီး ကယ်ဆယ် ရေးနှင့် ပို့ဆောင် ရေးအတွက် တပ်မတော်ရဟတ်ယာဉ်နှစ်စီးကိုပါပို့ ဆောင် ပေးခဲ့ကြောင်းလည်း သိရ သည်။

Hot News Journal



No comments:

Post a Comment

My Blog List