Saturday, August 08, 2015

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီ နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ ပူးတွဲသတင်းထုတ်ပြန်ချက်


၁။ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ၏ ကိုယ်စားလှယ်အဖွဲ့ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ အဆင့်မြင့်ညှိနှိုင်းရေးကိုယ်စားလှယ်အဖွဲ့တို့သည် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲနိုင်ရေးအတွက် သဘောတူစာချုပ်မူကြမ်းအပေါ် (၉) ကြိမ်မြောက် ညှိနှိုင်းဆွေးနွေးခြင်းကို ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၆) ရက်မှ (၇) ရက်နေ့အထိ ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး လုပ်ငန်းဗဟိုဌာနတွင် ပြုလုပ်ခဲ့ပါသည်။

၂။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်တွင် ပါရှိသည့် အချက်အလက်များအနက် ပါဝင်လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကိစ္စမှအပ စာချုပ်ပါ အချက်အ လက် အားလုံးကို ညှိနှိုင်းသဘောတူညီမှုရရှိခဲ့သည်။

၃။ နှစ်ဖက်သဘောတူညီမှုရရှိထားသည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်ပါ အချက်အလက်များကို ပြည်သူအားလုံး သိရှိနိုင်ရေးအတွက် ထုတ်ပြန်ရန် နှစ်ဖက်သဘောတူသည်။

၎။ ဤဆွေးနွေးပွဲသို့ တက်ရောက်ကြသည့် နှစ်ဖက်ကိုယ်စားလှယ်များသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက် မှုရပ်စဲရေး သဘောတူစာချုပ် အမြန်ဆုံး ချုပ်ဆိုနိုင်ရေးနှင့် နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးပွဲများကို အမြန်ဆုံး ကျင်းပကာ ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ကြိုးပမ်းလုပ်ဆောင် သွားမည်ဖြစ် ကြောင်း အသိပေးအပ်ပါသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List