Friday, August 07, 2015

မြန်မာနိုင်ငံနှင့် ပတ်သက်သော လုပ်ငန်းစီမံချက် ၆၀ ကျော်ပါဝင်သည့် တိုကျိုမဟာဗျူဟာသစ်(၂၀၁၅) လုပ်ငန်းစီမံချက် အကောင်အထည်ဖော်မှုကို မဲခေါင်-ဂျပန် နိုင်ငံခြားရေးဝန်ကြီးများ သဘောတူ


မြန်မာနိုင်ငံနှင့် ပတ်သက်သော လုပ်ငန်း စီမံချက် ၆၀ ကျော်ပါဝင်သည့် တိုကျိုမဟာ ဗျူဟာသစ် (၂၀၁၅) လုပ်ငန်းစီမံချက်အ ကောင်အထည် ဖော်မှုကို မဲခေါင်-ဂျပန်နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့ကြသည်။ (၄၈) ကြိမ်မြောက် အာဆီယံ နိုင်ငံခြား ရေးဝန်ကြီးများအစည်းအဝေးနှင့် အာဆီယံ ဒေသတွင်း ဖိုရမ်ဆက် စပ် အစည်းအဝေးအဖြစ် မဲခေါင်-ဂျပန်နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးကို သြဂုတ် ၅ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ပြုလုပ်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့ကြခြင်း ဖြစ်သည်။

၂၀၁၅ ခုနှစ် ဇူလိုင် ၄ ရက်က တိုကျို၌ ပြုလုပ်ခဲ့သော (၇) ကြိမ်မြောက် မဲခေါင်- ဂျပန် ထိပ်သီးဆွေးနွေးပွဲ တွင် တိုကျိုမဟာဗျူဟာ သစ် (၂၀၁၅) ကို ခေါင်းဆောင်များက လက် မှတ်ရေးထိုးခဲ့ပြီး ထိုအစည်းအဝေး ဆုံးဖြတ် ချက်များနှင့်အညီ တိုကျိုမဟာဗျူဟာသစ် (၂၀၁၅) လုပ်ငန်းစီမံချက်အ ကောင်အ ထည် ဖော်မှုကို နိုင်ငံခြားရေးဝန်ကြီးများ သဘောတူခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအပြီး သတင်းထုတ် ပြန်ခဲ့သည်။

အဆိုပါလုပ်ငန်း စီမံချက်၌ မဏ္ဍိုင်လေး ခုပါဝင်ပြီး စက်မှုလုပ်ငန်းဆိုင်ရာ မဲခေါင်ဒေသတွင်း စက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေး၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုး တက်မှုကို ထိန်းသိမ်းပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် လိုက်လျောညီထွေသော မဲခေါင်ဒေသဆီသို့ ဦးတည်ရေးနှင့် ကွဲပြားမှုများကို ပေါင်းဆောင်ညှိနှိုင်းရေးတို့ ဖြစ်သည်။

ထိုကဏ္ဍလေးရပ်အောက်တွင် မဲခေါင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက် နမ် နိုင်ငံတို့တွင် ဂျပန်နိုင်ငံက လုပ်ဆောင်မည့် လုပ်ငန်းစီမံချက် ရာပေါင်းများစွာ ပါဝင်ခဲ့ပြီး မြန်မာနိုင်ငံ တွင် လုပ်ဆောင်မည့် လုပ်ငန်းစီမံချက်  ၆၇ ခုထက် မနည်းလည်း ပါဝင်ခဲ့သည်။

စက်မှုဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးရေးခေါင်းစဉ်အောက်တွင် ထားဝယ်အထူး စီးပွားရေးဇုန် ကို ဂျပန်၊ မြန်မာ၊ ထိုင်းတို့ပူးပေါင်း၍ လည်းကောင်း၊ မြန်မာနှင့် ဂျပန်ပူးပေါင်း၍ လုပ်ငန်းစီမံချက် ၁၅ ခု ကို လည်းကောင်း လုပ်ဆောင်မည်ဟု သိရသည်။

စက်မှုပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်အောက်၌ မြန်မာနှင့် ပူးပေါင်းလုပ်ဆောင်မည့် ဂျပန်၏ လုပ်ငန်းစီမံချက် ၁၅ ခုထဲတွင် သီလ၀ါစက်မှုဇုန် စီမံကိန်းအပါအ၀င် လျှပ်စစ်စွမ်းအားဆိုင်ရာ စီမံချက်များ၊ လမ်းတံတား တည်ဆောက်ရေး စီမံချက်များ ပါဝင်ခဲ့သည်။

ထို့အပြင် မြန်မာ၊ ထိုင်း၊ လာအို၊ ဗီယက် နမ်တို့နှင့် ပူးပေါင်းလုပ်ဆောင်မည့် အရှေ့-အနောက် စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေး စီမံချက်၊ ကမ္ဘောဒီးယား၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်တို့နှင့် ပူးပေါင်းလုပ်ကိုင်မည့် တောင်ပိုင်းဒေသ စီးပွားရေးပူးပေါင်း ဆောင်ရွက်ရေး စီမံချက်တို့လည်း ထိုခေါင်းစဉ်အောက်တွင် ပါဝင်ခဲ့သည်။

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့် မြှင့်တင်ရေး စီမံချက်၊ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်များလည်း တိုကျိုမဟာဗျူဟာသစ်လုပ်ငန်း စီမံချက်၌ ပါရှိခဲ့သည်။

လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးနှင့် စွမ်းရည်မြင့်မားရေး ခေါင်းစဉ်အောက်တွင် မြန်မာနိုင်ငံ၌ လုပ်ဆောင် မည့် လုပ်ငန်းစီမံချက် ၂၅ ခုထက်မနည်း ပါဝင်ခဲ့သည်။

ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းပြီး သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် လိုက်လျောညီထွေသော မဲခေါင် ဒေသဆီသို့ ဦးတည်ရေး ခေါင်းစဉ်အောက်တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆိုးကျိုးများ လျှော့ချနိုင်ရေး အတွက် လုပ်ငန်းစီမံချက် ၁၂ ခုထက် မနည်းကို မြန်မာနိုင်ငံ၌ ဂျပန်က လုပ်ဆောင်ပေးမည် ဖြစ်သည်။

ဂျပန်နိုင်ငံ အနေဖြင့် မဲခေါင်ဒေသတွင်း တိုကျိုမဟာဗျူဟာသစ်(၂၀၁၅) လုပ်ငန်းစီမံချက်များကို လုပ်ဆောင်သွားမည့်အပြင် လာမယ့်သုံးနှစ်အတွင်း မဲခေါင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး အကူအညီအဖြစ် ယန်းငွေ ၇၅၀ ဘီလျံ ပေးအပ်မည်ဟုလည်း မဲခေါင်-ဂျပန် နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးတွင် သဘောတူညီ ခဲ့ကြသည်။

Eleven Media Group


No comments:

Post a Comment

My Blog List