Saturday, August 08, 2015

ဟင်္သာတတွင် တပ်မတော်က ရဟတ်ယာဉ်နှစ်စင်းဖြင့် ရေကာတာ ပေါင်များစစ်ဆေးနေ


ဧရာဝတီမြစ်ရေ စိုးရိမ် ရေမှတ်အထက် ၃ ပေခွဲကျော် ရောက်နေသည့် ဟင်္သာတခရိုင်အတွင်း ရေကာတာ ပေါင်များကို တပ်မတော်ရဟတ်ယာဉ် နှစ်စင်းဖြင့် ဝေဟင်မှ လိုက်လံစစ်ဆေးနေသည်ဟု သတင်းရ ရှိသည်။

ဟင်္သာတမြို့တွင် ဧရာဝတီ မြစ်ရေ စိုးရိမ်ရေမှတ်အထက်၌ ရောက်နေ သည်မှာ ခုနစ်ရက် မြောက်ပြီဖြစ်ပြီး ကာလရှည်ရေ နစ်မြုပ်နေသော ကြောင့် ရေကာ တာများ၏ ကြံ့ခိုင်မှုအခြေအနေကို အချိန်ပြည့်စောင့် ကြည့်နေရသည်ဟု ခရိုင်ဆည်မြောင်းဦးစီးဌာန အရာရှိတစ်ဦးကပြော သည်။

သြဂုတ် ၇ ရက် နံနက်စော စောက  ဟင်္သာတနှင့်  ဇလွန်မြို့ ကြားရှိ ရေကာတာပေါင်တစ်နေရာတွင် ရေစိမ့်ဝင်မှု ဆိုးဆိုးရွားရွားဖြစ်ပေါ်၍ လူအင်အားဖြင့် လေးနာရီခန့် ပိတ်ဆို့ခဲ့ရပြီး တပ်မတော်က ရဟတ် ယာဉ် နှစ်စင်းဖြင့် လိုက်လံ စစ်ဆေးနေခြင်းဖြစ်သည်။ တပ်မတော်ပိုင် ရှပ်ပြေး ရေယာဉ် တစ်စင်းကလည်း ရေကာတာပေါင် တစ်လျှောက် လိုက်လံစစ် ဆေးနေသည်ဟု ဟင်္သာတခရိုင် ရေဘေး ကယ်ဆယ်ရေးကော် မတီမှ သ တင်းရရှိသည်။

ဟင်္သာတမြို့အတွင်း ရေစိမ့် ၀င်မှုရှိနေသည့် ရေကာတာပေါင်နေရာများနှင့် ကယ်ဆယ်ရေးစခန်း အချို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သြဂုတ် ၆ ရက်တွင် လာရောက်စစ်ဆေးခဲ့ပြီး ဟင်္သာတခရိုင်ရေဘေး ကြို တင် ကာကွယ်ရေးအတွက် တပ်မ တော်က ဗျူဟာမှူးတစ်ဦးကွပ်ကဲ ကာ စောင့်ကြပ်နေသည်ဟု တပ် ချုပ်ကပြောခဲ့သည်။

ဧရာဝတီမြစ်ရေမှာ ဟင်္သာတမြို့တွင် စိုးရိမ်ရေမှတ်အထက်၃ပေခွဲကျော် ရှိနေသေးပြီး နောက်နှစ်ရက်ခန့် ကြာ စိုးရိမ်ရေမှတ်အထက်တွင် ရှိနေ မည်ဟု မိုးဇလဌာနက သတင်းထုတ်ပြန်ထားသည်။

ဟင်္သာတခရိုင်အတွင်း ရေကာတာပေါင်များတွင် သြဂုတ် ၇ ရက် နံနက်အထိ ရေစိမ့်ပေါက်မျိုးစုံ ၃၉၅ပေါက် ရှိကာ သဲ၊ကျောက်တို့ကိုသုံး၍ ပိတ်ဆို့ထိန်းသိမ်းထားသည်ဟု   ခရိုင်ဆည်မြောင်းဦးစီး ဌာနအရာရှိတစ်ဦး ကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List