Friday, August 07, 2015

ဟင်္သာတရေဘေးသင့်ပြည်သူအချို့ တပ်ချုပ်ကို သူရဦးရွှေမန်းနှင့် လွဲမှား


ဟင်္သာတမြို့တွင် သြဂုတ်၆ရက်က ရေဘေးဒုက္ခသည်များနှင့်တွေ့ဆုံနေသော ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်ဟင်္သာတရေဘေးသင့် ဒေသခံများနှင့်ကယ်ဆယ်ရေးစခန်းများသို့ တပ်ချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်   လာရောက်တွေ့ဆုံရာ၌ ဒေသခံကျေး ရွာသားအချို့က တပ်ချုပ်ကို သူရ ဦးရွှေမန်းနှင့် အမှတ်မှား ခဲ့ကြသည်။

ဟင်္သာတမြို့ ပျဉ်းမချောင်း ရပ်ကွက် ကြခံကျောင်းတိုက်ရှိ ကယ်ဆယ်ရေး စခန်းသို့ ယနေ့ မွန်းလွဲ ၁ နာရီ ခန့်က တပ်ချုပ် ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ဟင်္သာတလွှတ်တော်ကိုယ် စားလှယ် ဦးဌေးဦးက ရေဘေး သင့်ပြည်သူ များအား တပ်ချုပ်ကို သိကြလားဟု မေးမြန်းရာဒေသခံ အမျိုးသမီးကြီး အနည်းငယ်က သူရဦးရွှေမန်းဟု   ပြန်ဖြေခဲ့ကြသည်။

တပ်ချုပ်က ရယ်မောကာ မိမိကိုယ်ကိုယ် ပြန်လည်မိတ်ဆက်ခဲ့ပြီး ကယ်ဆယ်ရေးပစ္စည်း လာလှူခြင်းဖြစ် သည်ဟု ပြောခဲ့သည်။

တပ်ချုပ်ကို သူရဦးရွှေမန်းနှင့် အမှတ်မှားခဲ့သည့် အမျိုးသမီးကြီးတစ်ဦးက တီဗီမှတစ်ဆင့်သာ တပ်ချုပ်ကို မြင်ဖူးပြီး နာမည်ကို ဦးရွှေမန်းဟုသာ မှတ်ထားကြောင်းပြောသည်။

‘‘ပထမ ဘယ်သူထင်လဲဆိုတော့ ဦးရွှေမန်းလို့ထင်တာ။ တီဗီတော့ ကြည့်နေတာပဲ။ နာမည်တော့ သိပ်မသဲ ကွဲဘူး။ ရုပ်က သိပ်မသဲကွဲဘူး’’ဟု ယင်းအမျိုးသမီးကြီးကပြောသည်။

တပ်ချုပ်သည် ရေဘေး ကယ်ဆယ်ရေးစခန်းများနှင့် ရေ စိမ့်ထွက်နေသည့် ရေကာတာနေ ရာသုံးနေရာကို ကြည့်ရှုစစ်ဆေး ပြီး သက်ဆိုင်ရာဌာနများ အား အ ကောင်းဆုံးလုပ်ဆောင်ရန် ညွှန် ကြားခဲ့သည်။ ထို့ နောက် ဟင်္သာတ မြို့မှ ဇလွန်သို့သွားမည်ဟု  သတင်းရရှိသည်။

7Day News Journal

No comments:

Post a Comment

My Blog List