Tuesday, August 04, 2015

ရင်တထိတ်ထိတ်နှင့် စောင့်ကြည့်ရမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲ


ပြည်ထောင်စု ငြိမ်ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC)နှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အဆင့်မြင့် ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့(SD)တို့ ၏ ကိုးကြိမ်မြောက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဆွေးနွေးပွဲကို ရန်ကုန်မြို့တွင်လာမည့် သြဂတ်စ်လ (၆)ရက်၌ စတင်ကျင်းပမည်ဖြစ်ေ ကြာင်း ကြားသိရ၏။ 

ဤဆွေးနွေးပွဲတွင် NCA အပြီးသတ် သဘောတူညီချက်ရရှိပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဖြောင့် ဖြူးသွား မည်လား၊ သို့တည်းမဟုတ် အပြီးသတ်သဘော တူညီ ချက် မရရှိဘဲ ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တုံ့ဆိုင်း နှောင့်နှေးသွား မည် လား ဆိုသည်ကို ပြည်သူလူထုတစ်ရပ်လုံးက ရင်တထိတ်ထိတ်နှင့် မျက်စိဖွင့် နားစွင့် စောင့်ကြည့်နေကြ၏။

၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲကို ပြီးခဲ့သည့် ဂျူလိုင်လ ၂၂ ရက်မှ ၂၄ ရက် အထိရန်ကုန်မြို့ရှိ Myanmar Peace Center တွင် နှစ်ဦးနှစ်ဘက် အကြိတ်အနယ် ဆွေးနွေးခဲ့သော်လည်း အရေးကြီးသည့် အပိုင်းများ တွင် သဘော တူညီမှုမရကြောင်းသိရ၏။ SD ဘက်မှ တင်ပြဆွေးနွေးသည့် အချက် ၁၃ ချက်အနက် ၁၀ ချက်ကို UPWC မှ သဘောတူပြီး သဘောတူညီမှု မရေ သးသည့် အချက်သုံးချက် မှာ NCAတွင် ပါဝင် လက်မှတ်ရေးထိုးမည့် ပုဂ္ဂိုလ် များ၊ နိုင်ငံတကာ အသိသက်သေများနှင့် လက်မှတ်ရေးထိုးရာ၌ ပါဝင်မည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံး ပါဝင်ရေး တို့ ဖြစ်ကြ၏။ 

သို့သော် အတွင်းရင်းမြစ်များ၏ ထုတ်ဖော်ပြောကြားချက်အရ သဘောမတူ နိုင်သည့်အချက်များမှာ သုံးချက်ထက်မက ရှိကြောင်း သိရ၏။ ပြည်ထောင်စု သဘောတူစာချုပ်အား ပြည်ထောင်စု လွှတ်တော် တင်သွင်းပြီး အတည်ပြု ချက်ရယူခြင်းနှင့်ပတ်သက်၍ ဝေါဟာရ အသုံးအနှုန်း သဘောတူညီမှု မရရှိေ သးခြင်း၊ လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်းခြင်းဆိုသည်မှာ DDR SSR လုပ်ငန်းစဉ်ကို ဆိုလိုခြင်းဖြစ် သည်ဟု UPWCမှ တပ်ကိုယ်စားလှယ်က ထပ်မံ အဆိုပြု တင်ပြခြင်းအပေါ် သဘောတူညီမှုမရခြင်းနှင့် အပစ်ရပ် နယ်ြေ မ အတွင်း ဒေသခံလူထုတို့အား အကျိုးသက်ရောက်မှုကြီးမားသော စီမံကိန်း များ လုပ် ဆောင်လိုပါက (နှစ်ဦးနှစ်ဘက် ညှိနှိုင်း သဘောတူညီမှု ရယူ၍/ နှစ် ဦးနှစ်ဘက်ညှိနှိုင်း၍) ဟူသည့် စာသားအသုံးအနှုန်းအပေါ် သဘောတူ ညီမှု မရရှိခြင်း တို့ဖြစ်ကြောင်း သိရ၏။ 

နောက်ဆုံးနေ့ဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ အားလုံးပါဝင် လက်မှတ်ထိုးရေးနှင့် ပတ်သက်ပြီး ဆွေးနွေး ရာ၌ မည်မျှ အခြေအတင် အပြန်အလှန် ဆွေးနွေးရသနည်း ဆိုသော်ေ ဆွးနွေး သည့်ပုဂ္ဂိုလ် တစ်ဦးက မျက်ရည်စက်လက်ရှိုက်သံနှင့် စို့နင့် စွာေ ဆွးနွေး သွားခဲ့သဖြင့် ဆွေးနွေးပွဲကို ၁၅ မိနစ်ခန့် ခေတ္တခဏ ရပ်နားပေး လိုက်ရကြောင်းသိရ၏။ ၈ ကြိမ်မြောက် ဆွေးနွေးပွဲကြီး တွင် ဤသည်ကို လူပြောသူပြော အများဆုံး ဖြစ်သွားခဲ့၏။ ရာဇဝင် တွင်သွားခဲ့၏။ 

ဆွေးနွေးပွဲမှ ညှိနှိုင်းရန် ကျန်ရှိသည့် အချက်များနှင့် ပတ်သက်၍ SD သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းခေါင်းဆောင် မျာြး ဖင့် ဖွဲ့စည်းထားသည့် Command Centerသို့ တင်ပြပြီး ဆုံးဖြတ် ချက် များ ရယူသွားမည်ဖြစ်ကြောင်းဆိုသလို UPWC ကလည်း သမ္မတ ဦးသိန်းစိန်၊ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းေ အာင်လှိုင်နှင့် ပြည်ေ ထာင်စုငြိမ်းချမ်းေ ရး ဖော်ေ ဆာင်ရေး ကော်မတီ UPCC သို့ တင်ပြပြီး အဆုံးအဖြတ်ခံ ယူသွား မည်ဖြစ်ကြောင်း ရှစ်ကြိမ် မြောက် ဆွေးနွေးပွဲအပြီး အသံထွက်လာခဲ့ သည်ကို သိရ၏။ 

SD သည် ရန်ကုန်ဆွေးနွေးပွဲပြီးသည်နှင့် ချင်းမိုင်သို့ ချက်ချင်းပြန်ကာ Command Center ခေါ် တိုင်းရင်း သား လက်နက်ကိုင်တော် လှန်ရေး အဖွဲ့အစည်းများ၏ ထိပ်သီးခေါင်းဆောင်များ အစည်း အဝေးကို ဂျူလိုင်လ ၂၆ ရက်မှ ၂၉ ရက်နေ့အထိ ခေါ်ယူကျင်းပကြောင်းသိရ၏။ ၈ ကြိမ်မြောက် NCA ဆွေးနွေးပွဲ ၏တိုးတက်ဖြစ်ထွန်းမှုများနှင့်တစ်ဆို့မှု၊ ထစ်ငေါ့မှုများ၊ အခက်အခဲအကျပ်အတည်း များကို အစီရင်ခံ တင်ပြပြီး အဆုံးဖြတ် ခံယူခြင်းပြုလုပ်သွားခဲ့၏။

ထိုထိပ်သီးအစည်းအဝေးသို့ SD အဖွဲ့ဝင်များမှ ထိပ်သီးခေါင်းဆောင် များ ဖြစ်ကြသည့် ကချင်လွတ်လပ် ရေးအဖွဲ့ KIO ဒုဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်၊ သျှမ်းပြည်တိုးတက်ရေး ပါတီ နာယက ဒုတိယ ဗိုလ်ချုပ်ကြီး ဆေထင်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဒုဥက္ကဌ ခိုင်စိုး နိုင်အောင်၊ ကရင်အမျိုးသား အစည်းအရုံး KNU ဥက္ကဌ ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ ဒီမိုကရေစီ အကျိုးပြု ကရင်အမျိုးသား တပ် မတော် DKBA ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ် စောမိုရှေး၊ ကရင်အမျိုး သားအစည်း အရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် ငြိမ်းချမ်းရေးကောင်စီ KNU/ KNLA- Peace Council မှ ဗိုလ်ချုပ်စောယဉ်နု၊ မြန်မာ နိုင်ငံလုံး ဆိုင် ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ဥက္ကဌ ရဲဘော်သံခဲ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP ဥက္ကဌ ခွန်းအေဘယ်လ်တွိဒ်၊ လားဟူ ဒီမိုကရက် တစ်ယူနီယံ LDU ဥက္ကဌ ကြာခွန်ဆာ၊ ဝ အမျိုးသား အဖွဲ့ ချုပ် WNO ဒုဥက္ကဌ တာ့မဟာ၊ ရက္ခိုင့်တပ်မတော် AA မှ ဗိုလ်မှူး ကြီး ကျော်ဟန်နှင့် SD အဖွဲ့ဝင် (၁၅)ဦးတို့ဖြင့် အင်အားတောင့်တောင့် အင်အားကောင်း ကောင်း အင်အားအပြည့်အစုံနှင့် တက်ရောက်ကြကြောင်း သိရ၏။ 

ယင်းအစည်းအဝေးမှ NCA လက်မှတ်ရေးထိုးရာတွင် အနည်းဆုံး တိုင်း ရင်း သား လက်နက်ကိုင် တော် လှန်ရေး အဖွဲ့အစည်း ၁၇ ဖွဲ့လုံး (NCCT ၁၆ ဖွဲ့ နှင့် ABSDF) ပါဝင်လက်မှတ်ရေးထိုးရန်နှင့် အားလုံးပါ ဝင်နိုင်ရေးကို ဆက်လက်ညှိနှိုင်းသွားရန် တညီတညွတ်တည်း သဘောတူ ဆုံးဖြတ်ခဲ့ကြောင်း အစည်းအ ဝေးထုတ်ပြန်ချက်အရ သိရ၏။ 

အားလုံးပါဝင်လက်မှတ်ရေးထိုးမည်ဆိုပါက တိုင်းရင်းသားအဖွဲ့ပေါင်း ၂၁ ဖွဲ့ရှိကြောင်း သိရ၏။ NCCT အဖွဲ့တွင် တိုင်းရင်းသား လက်နက် ကိုင် တော် လှန်ရေး အဖွဲ့အစည်း ၁၆ ဖွဲ့ပါဝင်ပြီး ဆက်စပ် အဖွဲ့အဖြစ် ABSDF အပါ အဝင် ၁၇ ဖွဲ့အတွက် လက်မှတ်ရေးထိုးနိုင်ရန် ဆက်လက် ဆွေးနွေးသွား မည်ဖြစ်ကြောင်း နှင့် တခြားတိုင်းရင်းသား အဖွဲ့အစည်းပါဝင်ရေးကိုလည်း ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကြားသိရ၏။ 

ထို့ကြောင့် လာမည့် ကိုးကြိမ်မြောက် NCA ဆွေးနွေးပွဲတွင် အားလုံးပါဝင် လက်မှတ်ထိုးနိုင်ရေးမူနှင့် ပတ်သက်၍ SDမှ မည်ကဲ့သို့ ဆွေးနွေးမည်၊ မည် ကဲ့သို့ ကိုင်တွယ်ဆောင်ရွက်မည်၊ မည်ကဲ့သို့ အလျှော့ အတင်း ပြုလုပ် နိုင်မည်ကို အားလုံးက သိလိုမြင်လို ကြားသိလိုလှ၏။

တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်း ၂၁ ဖွဲ့မှ ၆ ဖွဲ့ဖြစ်သော ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF / တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် TNLA ၊ ရက္ခိုင့်တပ် မတော် AA ၊ ရခိုင်အမျိုးသားကောင်စီ ANC ၊ လားဟူဒီမိုကရက်တစ် ယူနီယံ LDU ၊ ဝအမျိုး သားအဖွဲ့ချုပ် WNO နှင့် မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် −ကိုးကန့် အဖွဲ့ MNDAA တို့အား NCA တွင် ပါဝင်လက် မှတ်ရေး ထိုးရန် အစိုးဘက်က လက်မခံဘဲ ကချင် လွတ်လပ်ရေးအဖွဲ့ KIO အပါ အဝင် ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် အပစ်ရပ် ပဏာမ စာချုပ်များ လက်မှတ်ရေးထိုးထားသည့် ၁၅ ဖွဲ့ကိုသာ လက်ခံခဲ့ကြောင်း သိရ၏။ 

ထို့ကြောင့် အာလုံးပါဝင် လက်မှတ်ထိုးရေးကို နှစ်ဘက်စလုံးက မည်သို့ အဆုံးသတ် ညှိနှိုင်းဆွေးနွေးမည်ကို အားလုံးက သိလိုကြ၏။

ထို့ပြင် အခြားဆွေးနွေးရန်ကျန်သည့် အရေးကြီးအချက်များဖြစ်ကြသော NCA တွင် ပါဝင်လက်မှတ် ရေးထိုးမည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတကာ အသိသက်သေ များ၊ လုံးခြုံရေးဆိုင်ရာ ပြန်လည်ပေါင်း စည်း ခြင်းလုပ်ငန်းစဉ် များ၊ ပြည်ေ ထာင် စု သဘောတူစာချုပ်ကို လွှတ်တော်သို့ တင်သွင်းအတည်ပြုချက် ရယူခြင်း တို့ကိုရော ဆွေးနွေးဖော်ဆွေးနွေးဖက် နှစ်ဘက်စလုံးက မည်ကဲ့သို့ အပေးအယူလုပ်ပြီး ညှိနှိုင်း အဖြေရှာနိုင်မည် ဆိုသည်ကို အားလုံးက စိတ်တထင့်ထင့်နှင့် သိချင်ကြ၏။ 

အသိသက်သေအဖြစ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းဘက်မှ ကုလသမဂ္ဂ၊ အာဆီယံအပါအဝင် တရုတ်၊ အိန္ဒယ၊ ထိုင်း၊ ဂျပန်၊ နော်ဝေ၊ အမေရိကန်နှင့် ဗြိတိန် စသည့်နိုင်ငံများ ပါဝင်ရန် လိုလားပြီး အစိုးဘက်က ကုလသမဂ္ဂ၊ အာဆီယံနှင့် တရုတ်နိုင်ငံတို့ကိုသာ ပါဝင်လက်မှတ် ထိုးရန် အဆိုပြုသဖြင့် ဤအကြောင်းအရာကိုလည်း အကျေအလည် ထပ်မံ ဆွေးနွေးရဦးမည် ဖြစ် ကြောင်း ကြားသိရ၏။ 

SD တွင် ပါဝင်သည့် တိုင်းရင်းသားခေါင်းဆောင် တစ်ဦးက ချင်းမိုင်ထိပ်သီး အစည်းအဝေးအပြီး ပြောခဲ့ သည်မှာ တိုင်းရင်းသား အဖွဲ့အစည်းအားလုံး NCA တွင် ပါဝင်လက်မှတ် ရေးထိုးနိုင်ခြင်း မရှိပါက ငြိမ်း ချမ်းရေး ပျက်ခြင်း မပျက်ခြင်းသည် အစိုးရ၏ သဘောထားအပေါ်မူတည်ပြီး SD အနေဖြင့် ဆက်လက်ညှိ နှိုင်းသွားမည်သာဟု ဆိုခဲ့၏။ 

လက်ရှိအစိုးရသက်တမ်းတွင် NCA မပြီးပြတ်ပါက နောင်လာမည့် အစိုးရသစ် လက်ထက်၌ အသစ်ပြန်စ ရဖွယ်ရှိကြောင်း၊ သမ္မတကြီး မျက်နှာ မပျက် ရအောင် ဝိုင်းဝန်း လုပ်ဆောင် စေလိုကြောင်း ဝန်ကြီး ဦးအောင်မင်းက ရှစ်ကြိမ်မြောက်ဆွေးနွေးပွဲ အဖွင့်နေ့တွင် ပြောကြားသွားခဲ့ ကြောင်း သိရ၏။ 

သမ္မတကြီးသာမကဘဲ ငြိမ်းချမ်းရေးကို မျှော်လင့် တောင့်တနေသည့် တိုင်း ရင်း သားပြည်သူ လူထု တစ်ရပ်လုံး မျက်နှာမပျက်ရေး၊ ရရှိပြီးသား ငြိမ်းချမ်းရေး မပျက်ရေး၊ ယာလည်းညှက် ကြက်လည်းမော မဖြစ်စေ ဘဲ နှစ်ဘက်စလုံးအတွက် Win-Win Solution ဖြစ်စေရေး စသည့်............ ရေး............. ရေး............. ရေး များအဖို့ ရှေးရှုပြီး သက်ဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ် နှစ်ဘက်လုံးမှ NCA အချောသတ် အပြီးသတ်နိုင်ရန် တက်ကုန်ရွက်ကုန် အစွမ်းကုန် ကြိုးပမ်းကြပါ ဟု လေးလေးနက်နက် တိုက်တွန်း၏။

ကိုးကြိမ်မြောက် ဆွေးနွေးပွဲတွင် NCA အပြီးမသတ်နိုင် လက်မှတ်မရေး ထိုးနိုင်ပါက ဖြစ်ပေါ်လာ နိုင်မည့် နောက်ဆက်တွဲဆိုးကျိုးများ၊ အနိဌာရုံ များကို မြင်ယောင်ပြီး ကြောက်ရွံ့မိ၏။ ရင်ထိတ်မိ၏။ စစ်၏ ဆိုးမွေ များကို ခံရပေါင်းများသဖြင့် စစ်ပွဲဆိုသည်ကို ကြားတိုင်း ခါးသီးနာကျည်းမိ၏။ 

သို့ဖြစ်၍ NCA ကိုးကြိမ်မြောက် ဆွေးနွေးပွဲကြီးတွင် SD နှင့် UPWC တို့သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ကို အောင်မြင် စွာ အပြီးသတ်နိုင်ကာ ရှေ့ဆက် တရားဝင် လက်မှတ် ရေးထိုးနိုင်ရေးအတွက် လိုအပ်သည့် အခင်းအကျင်းများ ချမှတ်ပြီး ငြိမ်းချမ်းရေး ဒုတိယ အဆင့် ဖြစ်ေ သာ နိုင်ငံရေးမူဘောင်ဆွေးနွေးပွဲနှင့် တတိယ အဆင့်ဖြစ်သော နိုင်ငံရေးေ ဆွးနွေးပွဲကြီး ပြီးမြောက်အောင်မြင် သည်အထိ သမိုင်းဝင် ခြေလှမ်းများ လှမ်းနိုင်ပါစေဟု ရှင်တော်မြတ်ဘုရားရှေ့ဝယ် လက်အုပ်ချီ ဆုတောင်း ပေးပါ၏။

စစ်မင်း(ဆောင်းပါးရှင်)
သြဂတ်စ် ၄ ရက် ၂၀၁၅

မှတ်ချက်။ ။ သျှမ်းသံတော်ဆင့် အယ်ဒီတာ၏အာဘော် နှင့် သဘောထား မဟုတ်ကြောင်း စာဖတ်ပရိသတ်များအား သိစေအပ်ပါသည်။ (အယ်ဒီတာ)


No comments:

Post a Comment

My Blog List