Saturday, August 08, 2015

ဟားခါး လူနေအိမ်ထက်ဝက် ပြောင်းရွှေ့ရမည်ဟု ချင်းလူမှုရေးဝန်ကြီးပြော












ပြီးခဲ့တဲ့ဇူလိုင်လက မိုးသည်းထန်စွာရွာသွန်ခဲ့ပြီး မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာ ကြောင့် ဟားခါးမြို့ လူနေအိမ် ထက်ဝက်လောက် ပြောင်းရွှေ့ရမယ်လို့ ချင်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာဘမောင်က ဒီဗွီဘီကို ပြောပါတယ်။

ရပ်ကွက်တွေ ပြန်လည်နေရာချဖို့အတွက် အစိုးရက လုပ်ဆောင်နေသလို အနည်းဆုံး ၆ လလောက် အချိန် ယူရမယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။

ဟားခါးမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ပြည်တော်သာ၊ မြို့ဟောင်း၊ ဈေးသစ်၊ ကျော်ဘုတ် စတဲ့ ရပ်ကွက်တွေ က အိမ်ခြေ ၆၀၀ ကျော် ပျက်စီးသွားသလို မြို့နားရွာတွေဖြစ်တဲ့ ခွာဘဲ၊ ဘဲအိုသဲ၊ မဲန်နူး စတဲ့ရွာတွေက အိမ်ခြေပေါင်း ၁၀၀ ကျော် ပျက်စီးသွားတယ်လို့ ဟားခါးကူညီကယ်ဆယ်ရေး ကော်မတီက ပြောပါတယ်။

အဲ့ဒီပျက်စီးမှုတွေထဲမှာတော့ စာသင်ကျောင်း ၄ ကျောင်း ပါဝင်တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ နေအိမ်ပျက်စီးသွားသူတွေနဲ့ စိုးရိမ်ရတဲ့ နေအိမ်တွေကို စွန့်ခွာလာတဲ့ ဒုက္ခသည်တွေကတော့ မြို့ပေါ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြပါတယ်။

DVB

No comments:

Post a Comment

My Blog List