Wednesday, August 05, 2015

မြန်မာလူမျိုးတွေ ရေဘေးဒုက္ခ ခံစားနေရချိန် ကူညီလိုတဲ့ ထိုင်းမင်းသမီး ကရာဗီ







ရေဘေးသင့်နေတဲ့ မြန်မာပြည်သူတွေအတွက် ထိုင်းရုပ်ရှင်မင်းသမီး ကရာဗီဟာ ဘန်ကောက်မြို့ မဟာ ချိုင် အရပ်မှာရှိတဲ့ မြန်မာရပ်ကွက်များကို ဒီကနေ့ နံနက်ပိုင်းမှာ အလှူခံထွက်ခဲ့ပါတယ်။ 

မင်းသမီး ကရာဗီနဲ့အတူ ကိုရီးယားရုပ်ရှင်မင်းသားတဦးလည်း ရေဘေး အတွက် အလှူခံရာမှာ ပါဝင်ခဲ့ပါ တယ်။ 

“ဘယ်လိုအချစ်မျိုးလဲ” အမည်ပေးထားတဲ့ မြန်မာရွေ့ပြောင်းအလုပ်သမား လေးတဦးနဲ့ ထိုင်းအမျိုးသမီး လေး တဦးတို့ ရဲ့ အချစ်ဇတ်လမ်းမှာ ပါဝင် သရုပ်ဆောင်ခဲ့ပြီးတဲ့နောက်မှာ မင်းသမီးကရာဗီဟာ မြန်မာလူ မျိုးတွေနဲ့ တရင်းတနှီးဖြစ်လာခဲ့ပြီး ရေဘေးဒုက္ခခံစားနေရချိန်မှာ ကူညီလိုတဲ့ ဆန္ဒဖြစ်လာခဲ့တဲ့အတွက် အခုလို အလှူငွေ ကောက်ခံပေးခြင်းဖြစ်တယ်လို့ သူ့ဆန္ဒကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

မင်းသမီးကရာဗီပါဝင်တဲ့ အဖွဲ့ဟာ ဒီကနေ့နံနက်ပိုင်းမှာတော့ အလှူငွေ ထိုင်းဘတ် ၄သောင်းကျော်ရရှိခဲ့ပြီး ညနေပိုင်းမှာလည်း အလှူခံမယ့် အစီအစဉ်တွေ ဆက်လုပ်သွားမယ်လို့ မြန်မာရေဘေး အလှူငွေကောက်ခံ ရေးစီစဉ်ဆောင်ရွက်ခဲ့တဲ့ ကိုရဲမင်း(RTF)က ဧရာဝတီကို အခုလို ပြောပါတယ်။

ဧရာဝတီ


No comments:

Post a Comment

My Blog List