Wednesday, August 05, 2015

ရခိုင်ပြည်နယ်မှ မြို့နယ် ၅ ခုကို ရေဘေးသင့်ဇုန်အဖြစ်သတ်မှတ်


ရခိုင်ပြည်နယ်က မြို့နယ် ၅ ခုကို ရေဘေးသင့်ဇုန်နေရာတွေအဖြစ် ရခိုင်ပြည်နယ် အစိုးရမှ သတ်မှတ် လိုက်ပြီ ဖြစ်ကြောင်း ရခိုင်ရေဘေး သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင် ဦးလှသိန်းက ပြောသည်။ ယင်းမြို့နယ် ၅ ခုမှာ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ဘူးသီးတောင်နှင့် မောင်တောတို့ ဖြစ်ကြသည်။

ရသေ့တောင်နှင့် ပုဏ္ဍားကျွန်းတို့တွင် ထိခိုက်ခဲ့သော်လည်း အဆိုပါ မြို့နယ် ၅ ခုလောက် ထိခိုက်မှုဒဏ်ကို မခံရ၍ အဆိုပါစာရင်းထဲမှ ပယ်ထုတ်ထားခဲ့သည်ဟု ဦးလှသိန်းက ပြောဆိုသည်။ သို့သော်ရေဘေးကြောင့် ထိခိုက်ခဲ့ ရသော ပြည်သူများကို ဆက်လက် ထောက်ပံ့ ကူညီမှုများ ပြုလုပ်သွားမည်ဟု ဆိုသည်။

ဘူးသီးတောင်မှ ရေနစ်မြုပ်မှုကို ဒဏ်ကို ပြင်းပြင်းထန်ထန် ခံခဲ့ရပြီး မောင်တောမြို့နယ်တွင် ရေကျော်မှုများ ရှိခဲ့၍ အပျက်အစီးများ၍ ရေဘေးသင့်နေရာထဲတွင် ထည့်သွင်းရခြင်း ဖြစ်ကြောင်း ပြောကြားသည်။

၂၀၁၅ သြဂုတ်လ ၄ ရက် အင်္ဂါနေ့ ညနေပိုင်းထိ ရခိုင်ပြည်နယ် အတွင်း ရေဘေးကြောင့် လူပေါင်း နှစ်သိန်းကျော် ထိခိုက်ခဲ့ပြီး သေဆုံးသူ၄၉ ဦးရှိကြောင်း သိရသည်။ ကျွဲနွားကောင်ရေ တစ်ထောင်နီးပါးခန့် သေဆုံးခဲ့ကာ စိုက်ပျိုးမြေဧက နှစ်သိန်းခန့်ပျက်စီးခဲ့သည်ဟု ဆိုသည်။

Narinjara

No comments:

Post a Comment

My Blog List