Monday, August 03, 2015

ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိမြို့များတွင် စိုးရိမ်ရေမှတ်ရောက်


ဧရာဝတီမြစ်အထက်ပိုင်းမှ ဆင်းလာသောရေများ ကြောင့် သြဂုတ် ၂ ရက်မှစ၍ မြစ်ကြောင်း တစ်လျှောက် မြို့များ စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာပြီဖြစ်ပြီး  ဧရာဝတီတိုင်းဒေသကြီးသည် ရေဘေးရင်ဆိုင်ရရန် အန္တရာယ်ကြီးမားနေပြီဟု  ပညာရှင်များက သတိပေးသည်။

ဧရာဝတီမြစ်အပါအ၀င် ဒေသတွင်းမြစ်ချောင်းများ ရေမြင့် တက်မှုကြောင့် အထက်ပိုင်း ဒေသများတွင် ရေဘေးအန္တရာယ် ဆိုးရွားစွာ ရင်ဆိုင်ခဲ့ရပြီး ယင်း ရေများသည် ယခုအခါအောက် ဘက်သို့ ဆင်းလာပြီ ဖြစ်၍ လာမည့်နှစ်ရက်အတွင်း ဧရာဝတီတိုင်း၌ ရေလွှမ်းမိုးမှုရင်ဆိုင်ရနိုင်သည်ဟု  မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က သတိပေးထားသည်။

ဧရာဝတီမြစ်ရေသည် ပခု က္ကူ၊ ညောင်ဦး၊ မကွေး၊ မင်းဘူး၊ အောင်လံ၊ ပြည်၊ ဆိပ်သာ၊ ဟ င်္သာတမြို့နှင့် ဇလွန်မြို့တို့တွင် စိုး ရိမ်ရေမှတ်အထက်သို့ ရောက်နေ ပြီဖြစ်ပြီး နောက်နှစ်ရက်မှ သုံးရက်အတွင်း စိုးရိမ် ရေမှတ်အထက်တွင်ပင် ရှိနေနိုင်သောကြောင့် အန္တရာယ်များပြားနေသည်ဟု မိုး/ဇလဌာနမှ ဦးစီးအရာရှိ ဦးဝင်းမော်က ပြောသည်။

 ‘‘ဧရာဝတီမြစ်ဝကျွန်းပေါ် မှာ  ရေထပ်တက်ဦးမယ်။  ဧရာ ၀တီမြစ်က ခွဲထွက်တဲ့ င၀န်မြစ် ထက်တက်မယ်။ ဧရာဝတီနဲ့ င၀န် မြစ်ဘေးနားက မြို့တွေမှာ စိုးရိမ် ရေမှတ်က ကြာဦးမှာ ။ ကျွန်တော်တို့ကတော့ သတိပေး ထားတယ်။ ဧရာဝတီတိုင်းဆိုတာ သိတဲ့အ တိုင်းပဲလေ။ စိုက်ပျိုးရေးဒေသ။ ဆုံးရှုံးမှုနည်းအောင် အစိုးရပိုင်း ကရော၊ ကယ်ဆယ်ရေးပိုင်းရော၊ လယ်သမားတွေရော ဆက်လုပ် စရာရှိတာ လုပ်ရမှာပေါ့’’ဟု ဦး ၀င်းမော် က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း ဟင်္သာ၊ ဇလွန်၊ လေးမျက်မှာနှင့် အင်္ဂပူမြို့များကို မိုး/ဇလ ဌာနက သတိ ပေးထားပြီး ယင်းမြို့များ၌ ရေလွှမ်းမိုးမှုစတင်ရင်ဆိုင်နေရသည်။ တစ်ရက်အတွင်း ဧရာဝတီမြစ်ရေ သုံးပေ ခန့်အထိ တက်လာသည့် ဟင်္သာတမြို့တွင် ရေကာတာများ ကြံ့ခိုင်မှု စိုးရိမ်ရသည်ဟု  သတင်းများထွက် နေသည်။

 ဟင်္သာတခရိုင် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနဦးစီးမှူးဦးစန်းဌေးက  ဒေသတွင်း၌  ကောလာဟလမျိုးစုံ ထွက်နေသော် လည်း  စိုးရိမ်စရာအခြေအနေ မဟုတ်ကြောင်း ပြောသည်။

 ‘‘အကုန်လုံးကတော့ လန့် နေတာပေါ့။ လက်ရှိရေကာတာ တွေ တောင့်ခံနိုင်ပါ့မလားဆိုပြီး။ ဒါပေမဲ့အခြေ အနေကောင်းပါ တယ်။ ၂၄ နာရီစောင့်ကြည့်နေ ပြီး  စိုးရိမ်စရာမဟုတ်ပါဘူး’’ဟု ဦးစန်းဌေးက  ပြောသည်။ ဧရာဝ တီတိုင်းဒေသကြီး ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး ဦး စီးဌာန ညွှန်မှူးကလည်း လက်ရှိ  အခြေအနေမှာ စိုးရိမ်စရာမရှိ သေးကြောင်း ပြောသည်။

မိုး/ဇလဌာနတာဝန်ရှိသူ များကမူ ဧရာဝတီတိုင်းဒေသကြီး မှာ စိုးရိမ်စရာအကောင်းဆုံး အ ခြေအနေဖြစ်ပြီး ဒေသတွင်း၌ သဘာဝဘေးကာကွယ်ရေးအ တွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားသင့်သည်ဟု သတိ ပေး နေသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယ ညွှန် ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ‘‘အဓိက ကတော့ အရှေ့ကရေက တောင့်မခံဘဲနဲ့ စီးဆင်းသွားမယ် ဆိုရင် စိုးရိမ်အနေအထားရှိပါ တယ်။ တကယ် လို့ တောင့်ခံနိုင် တယ်ဆိုရင် ရေလွှမ်းမိုးမှု သိပ် မဖြစ်နိုင်ပါဘူး။ မြစ်ရေကြီးလာ ရင် ဘေးလွတ်ရာကို ရွှေ့ပြောင်း ဖို့ ကျွန်တော်တို့ ကြေညာထားပါ တယ်။ ဘယ်မြို့တွေရယ်လို့ မဟုတ်ပါဘူး။ တက်လာတဲ့ ရေများတယ်လေ။ လောလောဆယ် တော့ ဇလွန်တို့၊ ဟင်္သာတတို့က စိုးရိမ်တဲ့ အနေအထားရှိတယ်’’ ဟု ဆိုသည်။

သြဂုတ် ၁ ရက်  မြစ်ရေသတိပေးချက်တွင်  ဧရာဝတီ၊ချင်းတွင်း၊စစ်တောင်း၊ ရွှေကျင်နှင့်  င၀န်မြစ်တို့ အားလုံး စိုးရိမ်ရေမှတ်အထက် မြင့်တက်နေသည်ဟု  သတင်းထုတ်ပြန်ထားသည်။

7Day News Journal

No comments:

Post a Comment

My Blog List