Tuesday, August 04, 2015

ငမိုးရိပ် ရေလှောင်တမံ ကန်ရေပြည့်ရန် သုံးလက်မသာ လို၊ ဆင်ခြေဖုံးဒေသအချို့ ရေဝင်ရောက်မှု ရေလှောင်တမံနှင့် မသက်ဆိုင် ဟု ဆို


လှည်းကူးမြို့နယ်၊ ဗဟိုဝန်ထမ်း တက္ကသိုလ်အနီးရှိ ငမိုးရိပ် ရေလှောင်တမံမှာ ဩဂုတ်လ ၃ ရက် ညနေ ၆ နာရီ တိုင်းတာချက် အရ ရေပြည့်မှတ် သုံးလက်မသာလိုသောကြောင့် ဆည်မြောင်းဌာနထံမှ သိရှိရပြီး ရေလှောင်တမံမှ ရေထုတ်လွှတ်မှု မရှိသေးသော ကြောင့် လက်ရှိ ဆင်ခြေဖုံး ဒေသအချို့တွင် ရေဝင်ရောက်မှုများမှာ ငမိုးရိပ်ချောင်းအတွင်း ရေလျှံနေခြင်းကြောင့် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး စိုက်ပျိုးရေးနှင့် မွေးမြူရေး ဝန်ကြီး ဦးစိုးမင်းက ပြောကြားသည်။



“ရေလှောင်တမံက ရေလွှတ်နေလို့ ရပ်ကွက်တွေမှာ ရေကြီးရေလျှံ ဖြစ်နေတယ်ဆိုပြီး သတင်းတွေမှာ ဖော်ပြ နေတာကြောင့် ပြည်သူတွေ စိုးရိမ်မှု မဖြစ်ရအောင် မီဒီယာတွေခေါ်ပြီး ဒီနေ့ တိုင်းဒေသကြီးမှာ သတင်းစာ ရှင်းလင်းပွဲ လုပ်ရတာပါ၊ ရေလှောင် တမံက ရေပြည့်မှတ် ရေမရောက်သေးသလို ရောက်ခဲ့ရင်လည်း သတ်မှတ် ထားတဲ့ လမ်းကြောင်းအတိုင်း ရေထုတ်လွှင့်သွားမှာပါ၊ အခု ရပ်ကွက်အချို့ ရေဝင်နေတယ်ဆိုတာ ချောင်းရေလျှံလို့ ဖြစ်တာပါ ” ဟု ၎င်းက ဆက်လက် ပြောကြားသည်။




မိုးသည်းထန်စွာ ရက်ဆက်ရွာသွန်းမှုကြောင့် ရန်ကုန်တိုင်းဒေသကြီးရှိ မြစ်ချောင်းများတွင် ရေများပြည့်လျှံနေပြီး ပင်လယ်ဒီရေ ထရက် ဖြစ်သောကြောင့် လက်ရှိရေမှာ ပြန်မဆင်းနိုင်ခြင်းဖြစ်ကြောင်း၊ ငမိုးရိပ်ချောင်း ရေလျှံနေ သောကြောင့် ယင်းချောင်းအနီးရှိ လှည်းကူး၊ မင်္ဂလာဒုံ၊ မြောက်ဥက္ကလာပ၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း နှင့် ဒဂုံမြို့သစ်မြို့နယ်များရှိ ရပ်ကွက်တစ်ချို့တွင် ရေများ ဝင်ရောက်နေကြောင်း သက်ဆိုင်ရာ မြို့နယ် ရဲစခန်းများ ထံမှ စုံစမ်းသိရှိရသည်။




ဓာတ်ပုံ -ဦးမင်းဆွေ ( ဆည်မြောင်း ဦးစီးဌာန )
The Voice Weekly


No comments:

Post a Comment

My Blog List