Wednesday, August 05, 2015

စစ်တွေတွင် ရဟန်းတော်နှစ်ပါးက ရေဘေးအကူညီနှင့် ပတ်သက်ပြီး ဆန္ဒဖော်ထုတ်



ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရဟန်းတော်နှစ်ပါးက ရေဘေးအကူအညီ များနှင့် ပတ်သက်ပြီး အစိုးရနှင့် INGO များမှ နှောင့်နှေးကြန့်ကြာနေမှုများနှင့် ပတ်သက်ပြီး သြဂုတ်လ ၃ ရက်နေ့က ဆန္ဒဖော်ထုတ် ကန့်ကွက် ခဲ့ကြသည်။

“ ရခိုင်ပြည်မှာ အဲသလောက်ထိ ရေမြုပ်ပြီး လူသေတဲ့အထိ ဖြစ်နေတာကို အစိုးရက ဒီအတိုင်း ထိုင်ကြည့် နေတာလား။ အကူအညီနည်းနည်းပေးပြီး သတင်းစာတွေမှာ ဖော်ပြရုံနဲ့ ပြီးပြီလား။ NGO တွေလည်း ခွဲခြားပြီးတော့ ကူညီပေးသလို ခံစားရတယ်။ အခုလို ရခိုင်တွေ အပေါ်မှာ လျစ်လျူရှု ထားခြင်း မဖြစ်စေ ချင်ဘူး။ ဒါကြောင့် နောက်ထပ်လူတွေ ထိခိုက်ဆုံးရှုံးမှု မဖြစ်အောင် ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုတဲ့ အတွက် ဒီဆန္ဒဖော်ထုတ်ပွဲ ကို ပြုလုပ်ရတာပါ” ဟု ဆန္ဒဖော်ထုတ်ပွဲကို ပြုလုပ်ရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်ပြီး အရှင်ကေသာရက မိန့်ကြားသည်။

ရခိုင်ပြည်နယ် ဒေသအများအပြားတွင် ရေနစ်မြုပ်ခဲ့၍ ဒုက္ခရောက်နေကြ သဖြင့် အမြန်ဆုံး ထိထိရောက် ရောက် ကူညီ ဆောင်ရွက်ကြစေ လိုကြောင်း၊ နောက်ဆက်တွဲ ပြသနာများ ဖြစ်သော အစားအစာနှင့် သောက်သုံးရေများ ရရှိရန် ဆောင်ရွက် ပေးစေလိုကြောင်း၊ သို့မဟုတ်ပါက သေဆုံးသူများပြား လာနိုင် ကြောင်း၊ ရောဂါဘယလည်း ထူပြောလာနိုင်ကြောင်း၊ နိုင်ငံတကာ အန်ဂျီအိုများ အနေဖြင့်လည်း ဘာသာ လူမျိုး ခွဲခြားမှု မပြုလုပ်ဘဲ ဒုက္ခရောက်နေသူများကို ကူညီသင့်ကြောင်း ပြောဆိုသည်။

အကူအညီနှောင့်နှေးနေသဖြင့် ပြည်ထောင်စု အစိုးရ၊ နိုင်ငံတကာ အဖွဲ့အစည်းများဖြစ်ကြသော INGO များ အပါအ၀င် ရခိုင်အမျိုးသားပါတီ ကိုလည်း ရဟန်းတော်နှစ်ပါးက ပြစ်တင် ဝေဖန်ခဲ့သည်။

“ ဒီအဖွဲ့အစည်းတွေ၊ ဒီပါတီတွေက ဘာလုပ်နေတာလဲ။ ဒီလောက် သေကြေပျက်စီးနေကြပြီ။ NGO အဖွဲ့ အစည်းတွေကလည်း ဘင်္ဂလီတွေ အတွက်ဆို အချိန်နဲ့ တပြေးညီ လုပ်ပေးတယ်။ အခု ဒေသခံ ရခိုင်နေ တွေ ဖြစ်တော့ ရပ်ပြီကြည့်နေတယ်။ ခွဲခြားဆက်ဆံမှုတွေက ရင်နာစရာကောင်းတယ်”ဟု အရှင်ကေသာရ မှ ပြောဆိုသည်။

ဆန္ဒဖော်ထုတ်ပွဲကို သြဂုတ်လ ၃ ရက်နေ့ နံနက် ၁၀ နာရီတွင် စတင်ခဲ့ပြီး ရခိုင်အမျိုးသားပါတီ စစ်တွေ ရုံးချုပ်အထိ ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

( သတင်းနှင့် ဓာတ်ပုံ ၀ဏ္ဍခွာညို ပေးပို့သည်။)
Narinjara 

No comments:

Post a Comment

My Blog List