Saturday, August 08, 2015

ကြံခိုင်ရေးပါတီခေါင်းဆောင် ၀န်ကြီးဟောင်း ဦးစိုးသာ ပါတီမှ နှုတ်ထွက်


ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီမှ ခေါင်းဆောင်တဦးဖြစ်သူ ပြည်သူ့လွှတ်တော် စီမံကိန်းများနှင့် ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုကော်မတီ ဥက္ကဋ္ဌ ဦးစိုးသာသည် ကြံခိုင်ရေးပါတီမှ နှုတ်ထွက်သွားပြီဖြစ်ကြောင်း ခိုင်လုံသည့် သတင်းများအရသိရသည်၊ 

သူနှုတ်ထွက်သွားသည့်အကြောင်းမှာ ကြံခိုင်ရေးပါတီအတွင်း ပဋိပက္ခ အကွဲအပြဲများကြောင့်ဖြစ်ကြောင်း နီးစပ်သူများကဆိုသည်။ ဦးစိုးသာသည် စစ်အစိုးရလက်ထက် ဆက်သွယ်ရေး ၀န်ကြီးအဖြစ်တာဝန်ယူခဲ့ဖူး သလို၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု ၀န်ကြီးဌာနကိုလည်း ကိုင်တွယ်ခဲသူဖြစ်သည်။ ဦးစိုးသာသည် ငြိမ်းချမ်းရေးလုပ်ငန်းတွင် လုပ်ကိုင်နေသည့် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီး ဦးအောင်မင်း နှင့် ယောက်ဖတော်စပ်သူဖြစ်လည်းသည်။

ဧရာဝတီ

No comments:

Post a Comment

My Blog List