Monday, August 03, 2015

ကုလကိုယ်စားလှယ် ယန်ဟီးလီ မြန်မာ့လူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာ အတွက် မြန်မာနိုင်ငံသို့ တတိယအကြိမ် ရောက်ရှိ


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီသည် မြန်မာ နိုင်ငံလူ့အခွင့်အရေး အခြေအနေနှင့်ပတ်သက်ပြီး ကုလ သမဂ္ဂလူ့အခွင့်အရေးကောင်စီသို့ အစီရင်ခံစာ တင်သွင်းရန်အတွက် မြန်မာနိုင်ငံသို့ ယနေ့ဩဂုတ်၂ရက်တွင် တတိယအကြိမ်ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ယန်ဟီးလီအနေဖြင့် မြန်မာနိုင်ငံ အတွင်း ဩဂုတ် ရရက်အထိ ခရီးစဉ် ကြာမြင့်မည်ဖြစ်ပြီး အစိုးရအဖွဲ့ အဖွဲ့ဝင်များ၊ အရပ်ဘက်အဖွဲ့အစည်း များနှင့် တွေ့ဆုံသွားမည်ဖြစ် ကြောင်း သိရသည်။

ယန်ဟီးလီအနေဖြင့် ဩဂုတ် ၆ ရက်မှ ရရက်အထိ နေပြည်တော်၌ နိုင်ငံတော်သမ္မတ၏ နိုင်ငံရေး၊ စီး ပွားရေး၊ ဥပဒေအကြံပေးအဖွဲ့များ၊ လွှတ်တော်နှစ်ရပ်ရှိ ဥပဒေကြမ်းကော်မတီဝင်များ၊ ပြည်ထောင်စု ရှေ့နေ ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့် ပြည်ထောင်စု အစိုးရအဖွဲ့မှ ပြည်ထောင်စု ဝန်ကြီး တချို့နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။

၎င်း၏ခရီးစဉ်နောက်ဆုံးနေ့ ဖြစ်သည့် ဩဂုတ် ၇ရက် ညနေ ၅ နာရီတွင် ချက်ထရီယံဟိုတယ်၌ ခရီးစဉ်နှင့် ပတ်သက်၍ သတင်းစာရှင်း လင်းပွဲပြု လုပ်မည်ဖြစ်ကြောင်းလည်း သိရသည်။

YM
‪#‎Democracytoday‬

No comments:

Post a Comment

My Blog List