Saturday, August 08, 2015

မျှော်လင့်ချက်သိပ်မရှိသော လာမည့်ရွေးကောက်ပွဲ


လာမည့်နိုဝင်ဘာ ၈ ရက်တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏ရွေးကောက်ပွဲသည် အကြီးအကျယ်မျှော်လင့်ထား သကဲ့သို့  ဖြစ်လာရန်မရှိကြောင်း  အကဲခတ် လေ့လာသူများက သတိပေးထားသည်။ သို့သော် တိုင်းပြည်၏ အနာ ဂတ်ခေါင်းဆောင်မှုနှင့်ပတ်သက်၍ ရေရာ သေချာမှုမရှိလင့်ကစား၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ် တွင် ပဋိပက္ခများရှိနေလင့်ကစား၊ တိုင်းရင်းသားလက်နက်ကိုင်အုပ် စုများနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်မရှိသေးလင့်ကစား တိုင်းပြည်၏ ပြုပြင်ပြောင်းလဲမှုလုပ်ငန်းများ နောက်ကြောင်းပြန်စရာ မရှိဟု မြန်မာအစိုးရ ၏ ပညာရေးအကြံပေး ဒေါက်တာ ကျော်ရင်လှိုင်ကပြောသည်။

မြန်မာနိုင်ငံတွင် ကုလသမဂ္ဂ တာဝန်ရှိသူတစ်ဦး   ဖြစ်ခဲ့ပြီး ရန်ကုန်မြို့၌ အတိုင်ပင်ခံလုပ်ကိုင်နေသူ  ဒေါက် တာရစ်ချတ် ဟိုဆေးကတော့ ယခုကဲ့ သို့ပြော ပါသည်။

‘‘အကြမ်းဖျင်းခြုံပြောရရင် တော့   အပြောင်းအလဲအတော် များများကတော့  ဆက်သွားနေ မှာပါ’’။ နိုင်ငံ တကာစေ့စပ်ညှိနှိုင်း မှုများနှင့် ရင်းနှီးမြှုပ်နှံမှုများ ဆက် ရှိနေမည်ဖြစ်ပြီး တိုင်းပြည်၏ ဂျီဒီ ပီတိုးတက်မှု ၇ ရာခိုင်နှုန်းမှ ၈ ရာခိုင်နှုန်းရှိလာမည်မှာ သေချာ ကြောင်း ထိုင်းနိုင်ငံချူလာလောင် ကွန်းတက္ကသိုလ်၏ နိုင်ငံတကာ လေ့လာရေးဌာနက  ဆွေးနွေးပွဲ တွင် ဒေါက်တာဟိုဆေးကပြော ကြားသည်။ 

လာမည့်ရွေးကောက် ပွဲတွင် နိုင်ငံရေးပါတီ ၈၉ ခုကလွှတ်တော်အမတ် ၆၆၄နေရာကို ပြိုင်ကြမည်ဖြစ် သည်။ စစ်တပ်ကတော့ နေရာ ၂၅ ရာခိုင်နှုန်းသေချာပြီးသားဖြစ်သည်။ ထို့ကြောင့် ရွေးကောက်ပွဲအပြီး နိုင်ငံရေး အခြေအနေကမသေချာမရေရာ ဖြစ်နေသည်။

ရွေးကောက်ပွဲအနေဖြင့် ဒီမို ကရေစီအပြည့်အဝဆောင်ကြဉ်း မှာမဟုတ် သော်လည်း မြန်မာ အနေဖြင့် သည်အတိုင်းပဲကြိုးစား ရှေ့ဆက်နေရမည် ဟု စင်ကာပူ အရှေ့တောင်အာရှလေ့လာရေး ဌာနမှ သုတေသီ ဒေါက်တာတင် မောင်သန်းကပြောကြားသည်။

တိုင်းပြည်၏ အဓိကအင်အားစုကြီးသုံးခုဖြစ်သည့် စစ်တပ်နောက်ခံပြည် ခိုင်ဖြိုးပါတီ၊  အတိုက်အခံအမျိုး သား  ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားနိုင်ငံရေးပါတီများက ရွေးကောက်ပွဲမှာ သူတို့အခြေအနေ ကောင်းမည်ဟု မျှော်လင့်နေကြသည်။

ပြည်ခိုင်ဖြိုးပါတီက သူတို့အနိုင်ရမည်ဟု  ပြောနေသလို အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ် ကလည်း ၁၉၉၀ ရွေးကောက်ပွဲကလို အပြတ်အသတ် အနိုင်ရမည်ဟုထင်နေသည်။ တိုင်းရင်းသား လူနည်းစုပါတီများက လည်း နေရာ ၂၅ ရာခိုင်နှုန်းလောက်ကို ရနိုင်သည်ဟု   ယုံကြည်နေကြသည်။

‘‘ဘယ်သူ့ရဲ့မျှော်လင့်ချက်ကမှ  တကယ်ဖြစ်လာမယ်လို့ မထင်ဘူး။  ပြည်ခိုင်ဖြိုးပါတီက လတ်တလောရနေ တဲ့ ၇၀ ရာခိုင်နှုန်းကနေ ပိုနည်းလာ လိမ့်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း အကြီးဆုံးပါတီဖြစ် လာမယ်။ ဒါပေမဲ့ လုံးဝအဓိကပါတီ ကြီးဖြစ်လာမလား၊ မဖြစ်ဘူးလားဆိုတာ ကတော့  မေးစရာပါ။ တိုင်းရင်း သားပါတီတွေကတော့ ၁၉၉၀ နဲ့ ၂၀၁၀ ရွေးကောက်ပွဲတွေမှာ နေရာ ၁၅ ရာခိုင်နှုန်းကိုရခဲ့ပြီးပြီ။ သူတို့ အနေနဲ့ ရွေး ကောက်ပွဲအောင်မြင်မှုကို နှစ်ဆတိုးလိုချင်မှာပဲ’’ဟု ဒေါက်တာဟိုဆေး ကဆိုပါသည်။

အချို့ ဒေသများတွင် ရေကြီး နေသည့်အတွက် ရွေးကောက်ပွဲ ကိုယ်စားလှယ်စာရင်းတင်ရမည့် ရက်ကို သြဂုတ် ၈ ရက်ကနေ သြဂုတ်လ ၁၄ ရက်ထိ တိုးပေးထားသဖြင့် ပါတီအချို့မှာ အပြီးသတ်ရွေးချယ်ရန် အလုပ်များနေ ကြသည်။

၂၀၁၀ ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် သပိတ်မှောက်သဖြင့် အာဏာရခဲ့သော ပြည်ခိုင်ဖြိုး ပါတီကလည်း သည်အချိန်မှာ အသည်းအသန် ကြိုးစားနေပါသည်။ 

ပါတီခေါင်းဆောင်သူရဦးရွှေမန်းကလည်း လွှတ်တော်ထဲမှာ စစ်တပ် လွှမ်းမိုးမှု ပြန်လည်အားကောင်းစေ သည့် မကြာသေးမီက လွှတ်တော်၏ မဲခွဲဆုံးဖြတ်မှုကို မကျေနပ် ကြောင်း ပြောခဲ့ပါသည်။

ထို့ပြင် ဦးရွှေမန်းသည် ၂၀၁၀ ရွေးကောက်ပွဲတွင် သူ အနိုင်ရခဲ့သော နေပြည်တော် မဲဆန္ဒ နယ်မှ သူ၏ ဇာတိဖြူးမြို့ကို ပြောင်းရွှေ့ပြီး လာမည့်ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မည်ဖြစ်သည်။ သမ္မတဖြစ်ချင်ပါသည်ဟု ပြောထားသော စစ်ဗိုလ်ချုပ်ဟောင်း ဦးရွှေမန်းအတွက်  ယခုလိုလုပ်ခြင်း သည်  သေချာသောလုပ် ဆောင် မှုဖြစ်သည်ဟု နိုင်ငံရေး အကဲခတ်များ ကပြောသည်။

သမ္မတဦးသိန်းစိန်ကလည်း ပြည်သူတွေကသာ ဆန္ဒရှိပါက ဒုတိယသက်တမ်းပြန်လည်ထမ်း ဆောင်မည်ဟု ပြောကြားခဲ့သည်။

အဓိကပြဿနာတစ်ခုမှာ တိုင်းရင်းသားလက်နက်ကိုင်များ နှင့် ဆွေးနွေးနေသော ငြိမ်းချမ်း ရေးဆွေးနွေး ပွဲဖြစ်ပါသည်။ လာ မည့်ရွေးကောက်ပွဲမတိုင်မီ ငြိမ်း ချမ်းရေးဆွေးနွေးမှုအထမြောက် အောင်မြင်မှုရဖို့  နောက်ဆုံးအကြိမ်ဆွေးနွေးမှုများကို ယခုအခါ ပြန်စနေပါသည်။

ပြီးခဲ့သည့်တနင်္လာနေ့က တိုင်းရင်းသားအုပ်စုခေါင်းဆောင် များနှင့်   သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံခဲ့သည်။ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်လုပ်ဆောင်နေသူတွေက အပြုသဘော  မြင်နေကြသော် လည်း မြန်မာစစ်တပ်၏ သည်းခံ နိုင်မှုကုန်ဆုံးပြီး တိုက်ပွဲများပြန် ဖြစ်လာမည်ကို သတိပေးထားပါသည်။ အချို့နယ်စပ်ဒေသများ တွင် နယ်မြေမတည်ငြိမ် မှုကြောင့် ရွေးကောက်ပွဲ  ကျင်းပနိုင်မည် မဟုတ်ပါ။

သည်တစ်ပတ်မှာ ငြိမ်းချမ်း ရေးသဘောတူညီမှုရဖို့ မအောင် မြင်ခြင်းက ငြိမ်းချမ်းရေးလုပ်ငန်း စဉ်များကို ကြာရှည်စွာရပ်နားစေ မည်ဖြစ်သည်။ နောက်နှစ် မတ်လ တွင် အစိုးရအသစ်က အာဏာလွှဲ ပြောင်းယူ ရမည်ဖြစ် သည်။ ထို့ ကြောင့် အပြောင်းအလဲကာလက လမ်းကြောင်းပေါ်မှာပဲ  ရှိနေဆဲ ဖြစ်သည်။

‘‘နိုင်ငံရေးသမားတွေအား လုံးအနေနဲ့  စစ်တပ်ကရော၊ ပြည်ခိုင်ဖြိုးပါတီကရော၊  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဆီကရော ထောက်ခံပတ်သက်မှု လိုပါတယ်’’ဟု ဒေါက်တာဟိုဆေးက ပြောသည်။ ဒေါက်တာ ကျော်ရင်လှိုင် ကတော့ ယခုလိုမှတ်ချက်ပေး သည်။

‘‘အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ကြည့်ရတာ တည်ငြိမ်တဲ့ နိုင်ငံရေးအကူး အပြောင်းရှိရမယ်ဆိုတာ သဘော ပေါက်နားလည်ပုံ ရပါတယ်။ သူတို့အနေနဲ့ စစ်တပ် နဲ့ပူးပေါင်းလုပ်ဆောင်ရမယ်၊ ဘယ်ခေါင်းဆောင်ကမှ အခြေ အနေတွေ မကောင်းလာမှာကို မလိုချင်ပါဘူး။ သူတို့က ရှေ့ပဲချီ တက်ချင်တာပါ’’ဟုဒေါက်တာ ကျော်ရင်လှိုင်ကပြောသည်။

7Day News Journal

No comments:

Post a Comment

My Blog List