Monday, August 03, 2015

အာဆင်နယ် ချယ်လ်ဆီးကို အနိုင်ယူပြီး ကွန်မြူနတီဒိုင်းဆွတ်ခူး


လန်ဒန်မြို့ဝင်ဘာလေ ကွင်းတွင်ကစားခဲ့သော ပရီးမီးယားလိဂ် ရာသီဖွင့်ပွဲ၌ ပရီးမီးယားလိဂ်ချန်ပီယံ ချယ်လ်ဆီးကို အက်ဖ် အေဖလားချန်ပီယံ အာဆင်နယ်က ၁-၀ ဂိုးဖြင့် အနိုင်ယူကာ ကွန်မြူနတီဒိုင်းကို နှစ်ကြိမ်ဆက်ရယူသွားသည်။

ချိန်ဘာလိန်က ပွဲချိန် ၂၄ မိ နစ်တွင် ဘယ်ခြေဖြင့်အပြင်းကန် သွင်းပြီး အာဆင်နယ်အတွက် တစ်လုံးတည်း သောအနိုင်ဂိုးကို သွင်းယူခဲ့သည်။

ချယ်လ်ဆီးမှ ရာမီရက်စ်က ပထမပိုင်းတွင် အပိုင်ခေါင်းတိုက် ခွင့်ရခဲ့သော်လည်း ဘေးထွက်ခဲ့ သည်။ ဒုတိယပိုင်းတွင် ဟာဇက် အပိုင်ကန်သွင်းခွင့်တစ်ကြိမ်ရ သော်လည်း ဂိုးပေါ်ကျော်တက် သွားခဲ့သည်။ အော်စကာ၏ အ လွတ်တည်ကန်ဘောကိုလည်း ပီတာချက်က ပုတ်ထုတ်ကာကွယ် နိုင်ခဲ့သည်။

ပရီးမီးယားလိဂ်မစတင်မီ သီ တင်းတစ်ပတ်တွင် နှစ်သင်းစလုံး ထက်မြက်မှုမရှိဘဲ သံချေးတက်နေပုံရပြီး အာဆင်နယ်မှ ကာဇိုလာ နှင့် ဂစ်ဘ်တို့ ကန်သွင်းခွင့်များရရှိခဲ့ သော်လည်း ဂိုးအဖြစ် မပြောင်းလဲ နိုင်ခဲ့ပေ။

ယင်းမှာ အာစင်ဝင်းဂါးအ တွက် မော်ရင်ဟိုနှင့် ထိပ်တိုက် တွေ့ဆုံမှု(၁၄)ကြိမ်တွင် ပထမဆုံးနိုင်ပွဲဖြစ် သည်။ မိမိတို့အသင်း သည် အကောင်းဆုံးအသင်းဖြစ်ပြီး အာဆင်နယ်က နောက်တန်းတွင် ၁၀ ဦး လာ ကစားသွားခဲ့သည်ဟု မော်ရင်ဟိုက ပြောကြားသည်။

Ref:BBC\Goal
7Day News Journal

No comments:

Post a Comment

My Blog List