Friday, January 17, 2014

ပန်းတနော်မြို့နယ်တွင် တရားစီရင်ရေးနှင့်ပတ်သက်ပြီး ဆန္ဒပြနေမှု







စတုတ္ထမဏ္ဍိုင်ကို အာဏာနှင့်မချိန်းခြောက်ရန် မျှတမှန်ကန်သည့် တရားစီရင်ရေး လုပ်ဆောင်ပေး ရန် တောင်းဆို ဆန္ဒထုတ်ဖော်မှု ပန်းတနော်မြို့နယ် ဒေသခံများ ပြုလုပ် စတုတ္ထမဏ္ဍိုင်ကို အာဏာနှင့် မချိန်းခြောက်ရန် မျှတမှန်ကန်သည့် တရားစီရင်ရေး လုပ်ဆောင်ပေးရန်အပါအ၀င် ပန်းတနော်မြို့နယ်ရှိ အုပ်ချုပ်ရေး၊တရားစီရင်ရေး၊ဥပဒေပြုရေးမဏ္ဍိုင်များ မျှတမှန်ကန်ကောင်းမွန်စေရန် တောင်းဆို ဆန္ဒ ထုတ်ဖော်မှုကို ပန်းတနော်မြို့နယ် ဒေသခံများက ဇန်န၀ါရီ ၁၇ ရက် နံနက် ၉ နာရီတွင် ပန်းတနော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးအနီး၌ စတင်စုဝေးကာ ပြုလုပ်နေပြီဖြစ်သည်။ Eleven Media Group ၏ နယ်သတင်းထောက် ပန်းတနော်မြို့သူ မခိုင်(ခ) နော်ခိုင်ခိုင်အေးချိုအား လွိုင်ကော်တရားရုံးမှ မတရားအမိန့်ချမှတ်ကာ ထောင်ချထားခြင်းအပြင် ပန်းတနော်မြို့နယ်တွင်လည်း သတင်းရယူသည့် သတင်းထောက်အချို့ကို ပိုင်နက်ကျူးလွန်မှု၊ အကျိုးစီးပွားဖျက်ဆီးမှုတို့နှင့် တရားစွဲဆို ထားသည့်အပေါ် မှန်ကန်သည့် တရားစီရင်မှုပေးရန် ပန်းတနော်ဒေသခံများက သက်ဆိုင်ရာ၏ ခွင့်ပြုချက်ဖြင့် ဆန္ဒ ထုတ်ဖော်မှု ပြုလုပ်နေခြင်းဖြစ်သည်။

ထို့အပြင် ဒေသခံများပိုင်ဆိုင်သည့် လယ်ယာမြေများကို သိမ်းဆည်းမှုများနှင့် ပတ်သက်ပြီး သက်ဆိုင် ရာမှ ဖြေရှင်းပေးရန် မြေအသိမ်းခံ တောင်သူများက တောင်းဆိုမှု ပြုလုပ်ခဲ့သည်။ သတင်းရယူမှုအပေါ် မကျေနပ်၍ အိမ်ကျော်နင်းမှု၊အသရေဖျက်မှု၊ညစ်ညမ်းစွာ ပြောဆိုမှု စသည့် စွပ်စွဲမှုများဖြင့် တိုင်ကြားခံရသည့် Eleven Media Group လွိုင်ကော်သတင်းထောက် မခိုင် အား လွိုင်ကော်တရားရုံးမှ ပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၃ လ ကျခံစေရန် အမိန့်ချမှတ်ခဲ့ခြင်းမှာ ယနေ့ (ဇန်န၀ါရီ ၁၇ ရက်နေ့) တွင် တစ်လပြည့်မြောက်ခဲ့ပြီဖြစ်သည်။

သတင်းထောက်မခိုင်အား ပြစ်ဒဏ်ချမှတ်မှုနှင့် ပတ်သတ်ပြီး ပြည်တွင်းပြည်ပ သတင်းမီဒီယာများမှ လည်း ပြစ်ဒဏ်အား ပြန်လည်သုံးသပ်ပေးရန် နိုင်ငံတော် သမ္မတအပါအ၀င် သက်ဆိုင်ရာ တရားစီရင်ရေး အဖွဲ့အစည်းများအား တောင်းဆိုမှု ပြုလုပ်ခဲ့သော်လည်း ယနေ့အချိန်ထိ တုံ့ပြန်မှု တစုံတရာမရှိသေးပေ။ လက်ရှိအချိန်တွင် ဆန္ဒထုတ်ဖော်ရာ၌ဒေသခံပြည်သူ (၂၀၀)၀န်းကျင်ခန့် ပါဝင်ဆန္ဒပြနေကြောင်းတွေ့ရှိ ရသည်။

Eleven Media Group

No comments:

Post a Comment

My Blog List