Monday, January 13, 2014

ထိုင်းအစိုးရကို ဆန့်ကျင်သူတွေ ဘန်ကောက်မြို့ကို စတင်ပိတ်ချ



ထိုင်းနိုင်ငံက ​လက်ရှိအစိုးရကို ​ဖြုတ်ချနိုင်ဖို့အတွက် ​ဆန္ဒပြသူတွေဟာ ​ဘန်ကောက်မြို့ ​အလယ်ဗဟိုကို ​စတင် ​ပိတ်ချနေပြီးဖြစ်ပါတယ်။

မြို့ကြီးတမြို့လုံးရဲ့ ​သက်ဝင်လည်ပတ်မှုတွေအားလုံး ​ရပ်တန့်သွားစေလိုတဲ့ ​ဆန္ဒပြသူတွေဟာ ​မြို့ရဲ့ ​အချက်အချာကျတဲ့ ​အလယ်ဗဟိုနေရာ ​ခုနှစ်ခုကို ​သိမ်းပိုက်ထားပြီးတော့ ​ဆန္ဒပြနေရာယူထားကြပါတယ်။

ဒါပေမယ့် ​ဆန္ဒပြမှုအတွင်း ​အကြမ်းဖက်မှုတွေ ​ဖြစ်ပွားလာရင်တော့ ​အရေးပေါ်အမိန့်တွေ ​ထုတ်ပြန်ရလိမ့် မယ်လို့ ​အစိုးရက ​သတိပေး ​ကြေညာထားပါတယ်။

အခုလောလောဆယ်မှာတော့ ​ရဲအာဏာပိုင်တွေနဲ့ ​စစ်သားအယောက်ပေါင်း ​တစ်သောင်း ​ငါးထောင် လောက်ကို ​မြို့တွင်းမှာ ​လုံခြုံရေးချထားတယ်လို့ ​သိရပါတယ်။

အခုလို ​ထိုင်းနိုင်ငံတွင်း ​နိုင်ငံရေး ​မတည်ငြိမ်မှုနဲ့ ​ဆန္ဒပြမှုတွေဖြစ်ပွားနေတဲ့အတွက် ​ထိုင်းနိုင်ငံမှာ ​ရောက် နေကြတဲ့ ​မြန်မာအလုပ်သမားတွေကို ​အနေအထိုင် ​သတိထားကြဖို့ ​မြန်မာအစိုးရ ​သတိပေး ​ထားသလို ​သြစတြေးလျအစိုးရကလည်း ​ထိုင်းနိုင်ငံမှာရောက်နေကြတဲ့ ​သူတို့ရဲ့နိုင်ငံသားတွေကို ​အသွားအလာ ​သတိ ရှိကြဖို့ ​တိုက်တွန်းသတိပေးထားတယ်လို့ ​သိရပါတယ်။

ABC

No comments:

Post a Comment

My Blog List