Thursday, January 16, 2014

အမေရိကန် လေတပ်အရာရှိတွေ စာခိုးချလို့ အလုပ်ထုတ်ခံရ

အမေရိကန် ပြည်ထောင်စုမှာ လေတပ်က နျူကလီးယား ဒုံးကျည် ဆိုင်ရာ အရာရှိ ၃၄ ယောက်ကို လုပ်ငန်း ကျွမ်းကျင်မှု စာမေးပွဲမှာ လိမ်ညာ ဖြေဆိုတယ်ဆိုပြီး ရာထူးက ရပ်ဆိုင်းလိုက်ပါတယ်။
အရာရှိ တချို့ဟာ တယောက်နဲ့တယောက် Text Message ပို့ပြီး အဖြေတွေ ဖြန့်ယူကူးချကြတယ်လို့ ယူဆ ရကြောင်း လေတပ်က ပြောပါတယ်။

လေတပ်ဆိုင်ရာဝန်ကြီး Deborah Lee James ကတော့ ကျွမ်းကျင်မှုဆိုင်ရာ စာမေးပွဲမှာ အရာရှိ တချို့က ခိုးချကြတယ် ၊ ဒီအပြုအမူဟာ လုံးဝလက်မခံနိုင်စရာဘဲ ၊ ဒါကြောင့် ဒုံးကျည်ဆိုင်ရာအရာရှိ နှစ်ရာကို အသေအချာ ကြီးကြပ်မှုအောက်မှာ စာမေးပွဲ ပြန်ဖြေခိုင်းမယ်လို့ ပြောပါတယ်။

နောက်အရာရှိ သုံးယောက်ကိုတော့ မူးယစ် ဆေးဝါး လက်ဝယ် တွေ့ရှိမှုနဲ့ ရာထူးက ရပ်ဆိုင်းလိုက်ကြောင်း သိရပါတယ်။

BBC

No comments:

Post a Comment

My Blog List