Tuesday, January 14, 2014

ဒေါ်အောင်ဆန်းစုကြည် ကရင်ပြည်နယ်သွားမည်



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည်ဇန်န၀ါရီ ၁၈ ရက်နေ့တွင် ကရင်ပြည် နယ် ဖားအံမြို့၌ကျင်းပမည့် အခြေခံဥပဒေပြင်ဆင်ရေးဆိုင်ရာ လူထုဆန္ဒရယူပွဲသို့ တက်ရောက်ပြီး မိန့်ခွန်း ပြောကြားမည်ဖြစ်သည်။ 
၎င်းနေ့နံနက်တွင် နေပြည်တော်နေအိမ်မှ ကားဖြင့်ထွက်ခွါပြီး ကျိုက်ထိုမြို့တွင် နေ့လည်စာ စားသုံးကာ ညနေ ၄:၃၀ နာရီတွင် ကရင်ပြည်နယ် ဖားအံမြို့ အောင်သံလွင်ဘောလုံးကွင်းတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုင်ရာလူထုဆန္ဒရယူပွဲအခမ်းအနားသို့ တက်ရောက်ပြီး မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ 

ယင်းနေ့တွင် ဖားအံမြို့တွင် ညအိပ်ရပ်နားမည်ဖြစ်ပြီး၁၉ ရက်နေ့ နံနက်တွင် ဖားအံမြို့မှ လှိုင်းဘွဲ့မြို့ ကပ္ပလီကျေးရွာသို့ သွားရောက်ကာ လူထုဟောပြောပွဲ ကျင်းပမည်ဖြစ်သည်။
 
ဟောပြောပွဲပြီးဆုံးလျှင် ဖားအံမြို့သို့ ပြန်လည်ထွက်ခွါမည်ဖြစ်ပြီး ယင်းမှတဆင့် နေပြည်တော်သို့ ပြန်လည် ထွက်ခွါမည် ဖြစ်ကြောင်း ဗဟိုပြန်ကြားရေးအဖွဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှသိရသည်။

ဓါတ်ပုံ-ချစ်သူမောင်
Popular Myanmar News Journal

No comments:

Post a Comment

My Blog List