Wednesday, January 15, 2014

"အမေ"

 

★ ဇမ္ဗူတိုင်းမှာ အဖြေညိုပြရရင်
အပူလှိုင်းဖြာ ဝေဒနိကတွေနဲ့
လူတိုင်းဟာအမေရှိကြတယ်
မရေမရာပဟေဠိတွေကြောင့်
အသေအချာအဖေမသိတောင်မှ
အမေရှိတယ်။

★ ချစ်သဒ္ဓါဝေကဲ
ပြည့်တန်ဆာအမေလည်း အမေ
အကြွေးကြွယ်လှတဲ့
ဈေးသည်အမေလည်းလည်း အမေ
အကြောင်းတရာအခြေမွဲ
သူတောင်းစားအမေလည်း အမေ။

★ သားသမီးတွေ ကြီးထွားစေရော့လို့
စီးပွားအထွေထွေ
စိန်ရွှေပတ္တမြား အိမ်နဲ့ကား
ငွေးသားအမွေ
ပေးနိုင်မှ အမေမဟုတ်။


★ယိုင်နဲ့နဲ့တဲအတွင်း
လှဲခင်းအိပ်နေစရာ တိုးဖယ်ပေးခဲ့
အရိုးဟင်း တစ်စစီဖဲ့ဝေ
ထမင်းရည် အတူသောက်
ဗိုက်မှောက်တော့ အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိ
ခင်းအိပ်စရာ ဖျာလည်မရှိလို့။

★ ခြင်ကိုသွေးလှူအတူတူ
ကြမ်းပိုးသွေးလှူအတူတူ
အပူကိုမျှဝေ
ဒုက္ခကိုပိုလေးနက်စေ
ပညာအမွေ ရွှေအိုး
ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး
အခြားပေးစရာ အထွေထွေမွဲသော်လည်း
အမေဟာအမေပါပဲလေ။

(အောင်လှိုင်ထွန်း)

အမေများနေ့ဝယ် ဒီကဗျာလေးနဲ့အဝေးတစ်နေရာကနေ အမေကိုဂုဏ်ပြုလိုက်ပါတယ်ဗျာ။

နှလုံးသားအာဟာရ

No comments:

Post a Comment

My Blog List