Thursday, January 16, 2014

လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များသိရှိနိုင်ရန် webstie လွှင့်တင်မည်



လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေမှု အခြေ အနေကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်ရန်အတွက် Website လွှင့်တင်ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်  ဦးနေအေးက ပြောသည်။ 

အဆိုပါ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် ပတ်ဝန်းကျင်နှင့် လူမှုရေးထိခိုက်မှု ဆန်းစစ်ချက်(ESIA) အစီရင်ခံစာနှင့် ပတ်သက်ပြီး ဇန်နဝါရီ ၁၂ ရက်က ဆားလင်းကြီးမြို့နယ် မြို့နယ် ခန်းမ တွင် ကျင်းပသောဆွေးနွေးပွဲ၌ ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဦးနေအေးက ““ESIA ကို ဒေသ ခံပြည်သူတွေအပါအဝင် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ဖို့အတွက် ESIA မူ ကြမ်းကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာ နဲ့ အကျဉ်းချုပ်ကို စီမံကိန်း Website မှာတင်နိုင်ဖို့ အမြန်ဆုံး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ လက်ပံ တောင်း တောင် ကြေးနီစီမံကိန်းနဲ့ပတ်သက် ပြီး ဖွင့်လှစ်ထားတဲ့ ဆက်ဆံရေးရုံးမှာ အစီရင်ခံစာကို လေ့လာနိုင်ဖို့ ဆောင် ရွက်သွားမှာပါ””ဟု ပြောသည်။ ယင်းက ဆက်လက်၍ ယခုစီမံ ကိန်းသည် နိုင်ငံတော်နှင့် ပြည်သူတို့ အတွက် အရေးကြီး သည့် စီမံကိန်းဖြစ် သည့်အတွက် အစီရင်ခံစာ စိစစ်သုံး သပ်ရေးအဖွဲ့အနေဖြင့် စနစ်တကျ သုံးသပ်လျက်ရှိပါကြောင်း၊ ဒေသခံ ပြည်သူများအပါအဝင် ပြည်သူတစ်ရပ်လုံး သိရှိနိုင်ရန်အတွက် အစီရင်ခံစာပါ အချက်အလက်များကို အသိ ပေး တင်ပြသွားမည်ဟု ပြောသည်။

အဆိုပါစီမံကိန်းနှင့် ပတ်သက် ပြီး  ESIA ကို သြစတြေးလျနိုင်ငံ  Knight Piesold ကုမ္ပဏီက လုပ်ကိုင် ဆောင်ရွက်နေပြီး လက်ရှိတွင် မူကြမ်း အဆင့်သာရှိနေဟု သိရသည်။ ယင်းနှင့်ပတ်သက်ပြီး လက်ပံ တောင်းတောင်ဒေသခံ ဒေါ်စန္ဒာက ““ပြောတဲ့ အတိုင်းလုပ်ရင်တော့ ကောင်း ပါတယ်။ ဒါပေမဲ့ အခု ESIA လုပ်နေ ပေမယ့် ပညာရှင်တွေအနေနဲ့ ဒေသ ခံတွေလောက် ပထဝီအနေအထားကို မသိနိုင်ပါဘူး။ ဒေသခံတွေပါ ပူးပေါင်း ပါဝင်သင့်ပါတယ်””ဟု ပြောသည်။

လက်ပံတောင်းတောင် ပတ်ဝန်း ကျင်ထိန်းသိမ်းရေး လက်ပံတောင်း တောင်ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေး ရေးကော်မရှင်၏ အစီရင်ခံစာကို အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အကောင်အထည် ဖော် ဆောင်ရေးကော်မတီကို ၂၀၁၃ မတ်လ ၁၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပြီး သိမ်းဆည်း မြေယာများ စိစစ်ရေး အဖွဲ့၊သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့၊ လူမှုစီးပွားရေးဆိုင်ရာ အကောင်အထည် ဖော်ဆောင် ရေး အဖွဲ့၊ သာသနိကအ ဆောက်အအုံများ ရွှေ့ပြောင်းခြင်းနှင့် ပြန်လည်တည်ဆောက်ရေးအဖွဲ့ဟူသည့် အဖွဲ့လေးဖွဲ့ခွဲကာ ဆောင်ရွက်နေကြောင်း သိရသည်။   

Yangon Media Group

No comments:

Post a Comment

My Blog List