Wednesday, January 15, 2014

အလုပ်သမားအရေးအင်အားသုံးဖြေရှင်းမှုများ ရပ်တန့်ရန် မြန်မာအစိုးရက ဖိအားပေးတောင်းဆိုမည်



ကမ္ဘောဒီးယား နိုင်ငံတွင် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်နေ့မှစတင်ကာ ဖြစ်ပေါ်နေသော အလုပ်သမား အရေး ဆန္ဒပြမှုများတွင် ကမ္ဘောဒီးယားအစိုးရက အင်းအားသုံး ဖြေရှင်းနေသည့်အပေါ် ရပ်တန့်ရန်အတွက် ၎င်းတို့အစိုးရအား မြန်မာနိုင်ငံ အစိုးရက ဖိအားပေးရန် တောင်းဆိုသွားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၁၃ ရက်နေက မီဂါဆာဟိုတယ် ပြုလုပ်ခဲ့သော Women Caucustအဖွဲ့၏ သတင်းစာရှင်းလင်းပွဲမှ သိရသည်။

ယင်းကဲ့သို့ ဖိအားပေးရန် မြန်မာနိုင်ငံ အစိုးရအား တောင်းဆိုရခြင်းမှာလည်း အာဆီယံဥက္ကဋ္ဌ ဖြစ်ချိန်တွင် ဒေသတွင်း နိုင်ငံများတစ်ခုခု ဖြစ်ချိန်တွင် မြန်မာနိုင်ငံ အနေဖြင့် နှုတ်ဆိတ် မနေသင့်ကြောင်း ကမ္ဘောဒီးယား နိုင်ငံ Women Caucus အဖွဲ့မှ Thida Khus ကပြောသည်။

“အရင်ထဲက အာဆီယံထဲမှာ ပါဝင်တဲ့နိုင်ငံတွေက တစ်နိုင်ငံမှာ ဖြစ်နေတဲ့ဟာကို တစ်နိုင်ငံနှုတ်ဆိတ်နေခဲ့ တယ် ဒီအချိန်မှာ မြန်မာနိုင်ငံ အစိုးရအနေနဲ့  နှုတ်ဆိတ်မနေသင့်တော့ဘူး ဒီပြဿနာကို မြန်မာနိုင်ငံ အစိုးရ အနေနဲ့ ဖြေရှင်းပေးပါ ” ဟု Thida Khus ကဆိုသည်။

အဆိုပါကဲ့သို့ ဆန္ဒပြမှုများစတင် ပေါ်ပေါက်ခဲ့ခြင်းသည် အလုပ်သမားများ အခြေခံလစာများ ဆုံးရှုံး ခဲ့ခြင်းအား ပြန်လည်တိုးမြှင့်ပေးရန် တောင်းဆိုရာမှ ဖြစ်ခဲ့ခြင်းဖြစ်ပြီး ကမ္ဘောဒီးယားက အစိုးရက ဆန္ဒပြမှု များကို အင်အားသုံးဖြေရှင်းခဲ့ခြင်းကြောင့် ဆန္ဒပြသူ အလုပ်သမား ၃ ဦးနှင့် ဗိုက်ကြီးသည် ၁ ဦး ကလေး ၁ ဦး တို့ သေဆုံးခဲ့ကာ ၃၉ ဦး ဒဏ်ရာရရှိခဲ့ရာ ၂၄ ဦးအား ဖမ်းဆီးခံထားရကြောင်း သိရသည်။

“မြန်မာနိုင်ငံအစိုးရကို ကျွန်မအနေနဲ့ တောင်းဆိုချင်တာကတော့ ကမ္ဘောဒီးယား အစိုးရက ဖမ်းဆီးထားတဲ့ လူ ၂၄ဦးကို ပြန်ပြီးလွတ်ပေးဖို့  မြန်မာအစိုးရ အနေနဲ့  ဖိအားပေး ပေးပါ ဒီလိုဖြစ်အောင် အင်အားသုံး ဖြေရှင်းခဲ့တဲ့ သူတွေကိုလည်း ဥပဒေအရ အရေးယူပေးပါ ” ဟု Thida Khus ကထပ်လောင်း ပြောဆိုသည်။

ကမ္ဘောဒီးယား အစိုးရမှ ပြည်သူများအပေါ် အင်အားသုံး ဖြေရှင်းနေခြင်းနှင့် ပတ်သက်ပြီး နိုင်ငံတကာသို့ ယင်းနိုင်ငံမှအဖွဲ့အစည်းများက တင်ပြသွားမည်ဖြစ်ပြီး ကမ္ဘောဒီးယား အစိုးရအား အာဆီယံ ဥက္ကဋ္ဌဖြစ်သည့် မြန်မာနိုင်ငံက ဖိအားပေးနိုင်ရန်အတွက် အာဆီယံ လူမှုအဖွဲ့အစည်း ၈၄ ဖွဲ့မှ သဘောတူ လက်မှတ်ရေးထိုးထားသည့် ကြေငြာချက်တစ်စောင်အား မြန်မာအစိုးရထံ တင်ပြသွားရန်ရှိကြောင်း သိရသည်။

နှင်းနွယ်
The Myanma Age

No comments:

Post a Comment

My Blog List