Thursday, January 16, 2014

ဗိုလ်ချုပ် စောလားဖွယ် နှင့် ကိုအောင်ဆန်းမြင့်တို့ ကျန်းမာရေးအခြေအနေ သက်သာ




လည်ချောင်းနာ ရောဂါဖြင့် စင်ကာပူ ဆေးရုံ တခုတွင် တက်ရောက် ကုသနေသော ဒီမိုကရေစီ အကျိုးပြု ကရင့် အမျိုးသားတပ်မတော်(DKBA) ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် ကျန်းမာရေးအခြေအနေ ကောင်း မွန်လာပြီ ဖြစ်ကြောင်း ဒုတိယဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ဆိုပါသည်။

“အနာ ကတော့ သက်သာနေပါပြီ။ ကင်ဆာလို့ ပြောလို့ ရအောင်လည်း အမြစ် မတွယ် သေးပါဘူး။ ပြတ်အောင်ကုလိုက်မယ်လေ။ ခဏခဏ လာလို့လည်း မဖြစ်ပါဘူး။ ဆေးကုဖို့ (၃) လလောက် ကြာဦးမယ်။ ဒီတော့ အပြီးပြတ် ကုပြီး တော့မှဘဲ ပြန်တော့မယ်” ဟု စောမိုရှေးက ဆိုပါသည်။

အလားတူ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP) အတွင်းရေးမှူး ဖြစ်သူ ဦးအောင် ဆန်းမြင့် ကလည်း သွေးတိုး နှင့် ကျောက်ကပ် ရောဂါကြောင့် ရန်ကုန်မြို့ အာရှ တော်ဝင် ဆေးရုံတွင် တက်ရောက် ကုသခဲ့ရာ အခြေ အနေ ကောင်းမွန်ကြောင်း ဒုဥက္ကဌ ဖြစ်သူ ခူဦးရယ် ကဆိုပါသည်။

၎င်းသည် ရက်ဆက် သွေးတိုး တက်ရာက မကြာခဏ ကြွက်တက် ခဲ့မှုကြောင့် ဆေးရုံ တင်ထား ရခြင်း ဖြစ်ပါသည်။ လက်ရှိတွင် သွေးတိုး ရောဂါကျသွားခဲ့ ပြီး ဆီးချိုရောဂါလည်းမရှိသဖြင့်  လောလောဆယ်တွင် ကျောက်ကပ်ကို သန့်စင် နေကြောင်း ဆရာဝန်များက ဆိုပါသည်။

ဝန်ကြီး ဦးအောင်မင်းသည်  ဆေးရုံတက်ရောက်ကုသနေသော ဦးအောင်ဆန်းမြင့်အား ယမန်နေ့ ၌ သွားရောက်အားပေးခဲ့သလို ဗိုလ်ချုပ် စောလားဖွယ် ဆေးရုံတက်စဉ်ကလည်း တက်ရောက် အားပေး ခဲ့ပါသည်။

ဗိုလ်ချုပ် စောလား ဖွယ်က မူပြီးခဲ့သည့် ဒီဇင်ဘာ (၂၃) ရက်နေ့ တွင် ရန်ကုန် မြို့ ဒဂုံမြို့သစ်ရှိ ပင်လုံ ဆေးရုံ တွင် ကင်ဆာအကျိတ်ရောဂါဖြင့် အရေးပေါ်တင်ထား ရခြင်း ဖြစ်ပါသည်။ ထိုမှတဆင့် စင်ကာပူ ဆေးရုံသို့ တက်ရောက် ကုသ ခဲ့ခြင်း ဖြစ်ပါသည်။

ဦးစီးချုပ်၏ ဆေးရုံ ခရီးစဉ်အား ဒုတိယ ဦးစီးချုပ် ဗိုလ်မှူးချုပ် မိုရှေး ကိုယ်တိုင် လိုက်ပါဆောင်ရွက်ခဲ့ပြီး မကြာခင် ရက်ပိုင်းကမှ ပြန်ရောက်လာခြင်း ဖြစ်ပါသည်။ ဦးစီး ချုပ် ၏ ကျန်းမာရေး အခြေအနေ ကောင်းမွန် လာစေရေးအတွက် (DKBA) တပ်ဖွဲ့ စခန်း အားလုံးသည် ပြီးခဲ့သည့် ဒီဇင်ဘာလ (၃၁) ရက်နေ့ နှင့် ကရင်နှစ်သစ်ကူးနေ့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ကျင်းပခဲ့ပါသည်။ 

Phophtaw News Association 

No comments:

Post a Comment

My Blog List