Thursday, January 16, 2014

ဒိုင်လူကြီးလုပ်ရတဲ့ အတွေ့အကြုံကို ဂုဏ်ယူတယ်ဆိုတဲ့ မိုးစက်ဝိုင်

ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်ခဲ့သော “Miss Now How” ရွေးချယ်ပွဲတွင် ပထမဆုံးအကြိမ် ဒိုင်အဖြစ် ဆောင်ရွက်ခဲ့သည့် အတွေ့အကြုံကို ဂုဏ်ယူကြောင်း အလှမယ် မိုးစက်ဝိုင်က ပြောသည်။ “မိုးစက်အနေနဲ့ ပထမဆုံး ဒိုင်လုပ်တဲ့ အတွေ့ အကြုံက ဂုဏ်ယူဖို့ ကောင်းပါတယ်။ လွန်ခဲ့တဲ့ နှစ်လ၊ သုံးလက ဒီလျှောက်လမ်းပေါ်မှာ မယ်အနေနဲ့ လျှောက်ခဲ့ရာ ကနေ ခုဒိုင်လူကြီးနေရာမှာဆိုတော့ အလှမယ်တွေကို ပိုပြီးနာလည်းပေးနိုင်မယ်ထင်ပါတယ်။ လူကြီးနေရာရောက်တဲ့အခါ ဒိုင်တွေက ဘာကြည့်လဲ၊ ဘာလိုချင်တယ်ဆိုတာ မြင်လာတယ်”ဟု မိုးစက်ဝိုင်ကပြောသည်။
မိုးစက်ဝိုင်ရွေးချယ်ပေးထားသော ပြိုင်ပွဲအလှမယ်များ Top 5 စာရင်းဝင်သည့်အတွက် ကျေနပ်အားရ ပျော်ရွှင်မိကြောင်း ၎င်းက ပြောကြားသည်။

မော်ဒယ်အောန်ဆိုင်းနှင့်အတူ ဆိတ်ဖူးတောင် လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ ကလေးများအတွက် အ၀တ်အထည်နှင့် အစားအစာများ လှူဒါန်းခဲ့ပြီး ပရဟိတအလုပ်များကိုလည်း လုပ်သွားမည်ဖြစ်ကာ လတ်တလောတွင် ကျောင်းသား သုံးဦးအား ပညာသင်ထောက်ပံ့ကြေးပေးရန်  စီစဉ်နေကြောင်း မိုးစက်ဝိုင်က ပြောသည်။

 “ကလေးသုံးယောက်ကို ပညာသင်ထောက်ပံ့ကြေးပေးဖို့ လုပ်ထားတယ်။ တစ်ယောက်ကိုတော့ မိုးစက်ရွေး ပြီးပြီ။ နှစ်ယောက်ကိုတော့ ဘဘုန်းက ရွေးမှာပါ။ သုံးယောက်ရွေးပြီးတဲ့အခါ ဆက်လက်ထောက်ပံ့ပေးသွားဖို့ပဲ ရှိပါတယ်။ အဓိက ကိုးတန်း၊ ဆယ်တန်းကျောင်းသားလေးတွေရှိတယ်။ နာမည်ကြီးဘော်ဒါဆောင်မှာ ဆယ်တန်းထားပေးမယ်။ သူတို့ရဲ့ ဘ၀အခြေအနေ ပြောင်းလဲမှုတစ်ခုအနေနဲ့ လုပ်ပေးချင်တယ်”ဟု မိုးစက်ဝိုင်ကပြောသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List