Tuesday, January 14, 2014

သူပုန်တပ်များပေါ် အောင်ပွဲရလာပြီဟု တောင်ပိုင်းဆူဒန် စစ်တပ်ကြေညာ



တောင်ပိုင်းဆူဒန်နိုင်ငံတွင် အစိုးရစစ်တပ်က အုံကြွသည့်သူပုန်များအပေါ် အသာစီးယူ အောင်ပွဲခံလာနေ ပြီဟု သိရှိရသည်။ နိုင်ငံတည်ထောင်မှုသက်တမ်း မကြာလှသေးသည့် တောင်ပိုင်းဆူဒန်တွင် အာဏာသိမ်း ရန် ကြံစည်ကြောင်း စွပ်စွဲမှုများနှင့်အတူ ပြည်တွင်းစစ်ပွဲအသွင် တိုက်ခိုက်မှုများ ဖြစ်ပေါ်လာသည်။ ယခု အခါတွင်မူ စစ်တပ်က သူပုန်တပ်များ နောက်ဆုံး အခိုင်အမာ တပ်စွဲထားရာ ဘောရ်မြို့သို့ စတင်၍ ထိုးစစ် ဆင်ဝင်ရောက်နေပြီဟုသိရသည်။ 


တောင်ပိုင်းဆူဒန်စစ်တပ်၏ ပြောရေးဆိုခွင့်ရ အရာရှိ ဗိုလ်မှူးကြီး ဖိလစ်အာဂူအာက "ဘောရ်ဟာ လောလောဆယ်တော့ သူပုန်တွေ လက်ထဲမှာ ရှိနေဆဲပဲ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ တပ်ဖွဲ့တွေက ရှေ့ဆက် ချီတက်နေနိုင်ပါပြီ"ဟု ပြောကြားခဲ့သည်။

ဘောရ်မြို့သည် ဂျူဘာမှ မြောက်ဘက် ကီလိုမီတာ (၂၀၀)မျှ အကွာတွင် တည်ရှိသည်။ ယင်းသည် မငြိမ် မသက်မှုများ ဖြစ်ပေါ်နေရာ ဂျွန်လိုင်ပြည်နယ်၏ မြို့တော်လည်း ဖြစ်သည်။ ပြည်တွင်းစစ် စတင်လာက တည်းက ယင်းမြို့သည် စစ်တပ်နှင့်သူပုန်တို့လက်သို့ တစ်လှည့်စီကျရောက်နေသည်မှာ အပြောင်းအလဲ(၃) ကြိမ်မျှ ရှိခဲ့ပြီး ဖြစ်သည်။ 

အစိုးရတပ်များသည် ရေနံအထွက် ကြွယ်ဝပြီး မြောက်ပိုင်းတွင် မဟာဗျူဟာအရ အရေးပါသည့် ဘန်တီ အူမြို့ကိုမူ ပြန်လည် သိမ်းပိုက်ထားပြီး ဖြစ်သည်။ သို့သော်လည်း တစ်ဖက်တွင် မြို့တော် ဂျူဘာအနီးထိ သူပုန်တပ်များ ထိုးဖောက်လာနေခြင်းကို စိုးရိမ်နေရကြောင်းလည်း သတင်းများက ဖော်ပြသွားသည်။

Planet Myanmar Network

No comments:

Post a Comment

My Blog List