Wednesday, January 15, 2014

ဖွဲ့စည်းပုံအခြေခံဥပဒေ အစီရင်ခံစာမထွက်မီ လေးပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးခြင်းသည် ပိုမိုကောင်းမွန်မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌပြောကြား




ဖွဲ့စည်းပုံအခြေခံဥပဒေ အစီရင်ခံစာမထွက်မီ လေးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးခြင်းသည် ပိုမိုကောင်းမွန် မည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဇန်န၀ါရီ ၁၄ ရက်တွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

“တကယ်တော့ အန်တီကကာကွယ်ရေးဦးစီးချုပ်ကို တွေ့ဆုံဆွေးနွေးဖို့ရယ်လို့ ပြောတာမဟုတ်ဘူးနော်။ လေးပွင့်ဆိုင် တောင်းဆိုတာ။ သမ္မတရယ်၊ လွှတ်တော်ရယ်၊ ကာကွယ်ရေးဦးစီးချုပ်ရယ်။ မတွေ့ဆုံသင့်ဘူးလို့ပြောတာ သမ္မတဘက်က ပြောတာပဲ။ ကာကွယ်ရေးဦးစီးချုပ်က ပြောတာမှ မဟုတ်တာ။ အကြောင်းပြချက်က ကော်မတီကနေ အဖြေမထွက်သေးလို့ပေါ့။ 

နိုင်ငံတကာက ဒီမိုကရေစီနိုင်ငံတွေမှာ အင်မတန်မှ တိုင်းပြည်အတွက် အရေးကြီးတဲ့ကိစ္စ ပေါ်ပေါက်နေပြီဆိုရင် ကြိုတင်ဆွေးနွေးတာတွေက မရှားပါဘူး။ ဥပမာ ကော်မတီက အဖြေကထွက်လာပြီးမှ ပြန်ပြီးချောမွေ့အောင် လုပ်တာထက် အဖြေမထွက်ခင် ကတည်းက ကြိုပြီးတော့ ချောမွေ့ရေးအတွက် အဓိကကျတဲ့ ပုဂ္ဂိလ်တွေ ဆွေးနွေးသွားရင် ပိုကောင်းတာပေါ့” ဟု ဒေါ်အောင်ဆန်း စုကြည်က ပြောကြားသည်။

နိုင်ငံကောင်းကျိုးအတွက် အများပြည်သူ လေးစားကြသူများ တွေ့ဆုံဆွေးနွေးခြင်းသည် ကောင်းသည်ဟု ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက ပြောကြားထားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List