Thursday, January 16, 2014

လက်ဘနွန်ဝန်ကြီးချုပ်ကို လုပ်ကြံမှု ၄ ဦးကို ကြားနာ

လက်ဘနွန် ဝန်ကြီးချုပ် ရာဖစ် ဟာရီရီကို လုပ်ကြံခဲ့မှု စွဲချက်တွေနဲ့ အမျိုးသား ၄ ယောက်ကို နယ်သာလန်နိုင်ငံ Hague မြို့က နိုင်ငံတကာ အထူးခုံရုံးမှာ ကြားနာမှု စတင်ခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာ လှုပ်ရှားမှုနဲ့ ဆက်စပ်နေတဲ့ အဲဒီလူတွေကို သူတို့ မျက်ကွယ် မှာ စစ်ဆေးကြားနာမှု လုပ်ခဲ့တာ ဖြစ်ပါတယ်။
ကြားနာမှု စတင် ဖွင့်လှစ်ခဲ့စဉ် တရားလို ရှေ့နေရဲ့ ထုတ်ပြန်ချက် တွေထဲ မှာ အဲဒီတိုက်ခိုက်မှုဟာ ရဲတင်းလွန်းပြီး စာနာစိတ် ကင်းမဲ့ကြောင်းနဲ့ တိုက်ခိုက်ခဲ့ကြသူတွေဟာ စိုးရိမ်ပူပန်မှုတွေ ပြန့်နှံ့သွားအောင် ရည်ရွယ် လုပ်ဆောင်ခဲ့ တာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ်က ဘေရွတ်မြို့တော်မှာ ကားဗုံးခွဲ တိုက်ခိုက်မှုကြီးကြောင့် သေဆုံးခဲ့သူ ၂၁ ယောက်မှာ မစ္စတာ ရာဖစ် ဟာရီရီ အပါအဝင် ဖြစ်ပါ တယ်။

ဒီတိုက်ခိုက်မှုကြောင့် လက်ဘနွန်မှာ ဂိုဏ်းဂဏကွဲတွေအကြား တင်းမာမှုတွေ ပိုတိုးလာခဲ့ပြီး ဆီးရီးယား တပ်ဖွဲ့တွေလည်း ဆုတ်ခွာခဲ့ပါတယ်။


BBC

No comments:

Post a Comment

My Blog List