Monday, January 13, 2014

အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ဖို့  တရုတ်အစိုးရ ကြိုးပမ်းလှုပ်ရှားနေ




ဆေးရွက်ကြီးသုံးစွဲမှု ကမ္ဘာမှာ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံဟာ အများပြည်သူနှင့်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို ဒီနှစ်ကုန်လောက်မှာ ပိတ်ပင်ဖို့ ရည်ရွယ်ထားကြောင်း CNN သတင်းဌာနက တင်ပြခဲ့ပါတယ်။

ကမ္ဘာ့ ဆေးလိပ်သောက်သုံးသူဦးရေရဲ့ သုံးပုံတစ်ပုံဟာ တရုတ်နိုင်ငံကဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့  အစည်း WHO က ဆိုပါတယ်။ ၂၀၁၀ ခုနှစ်မှာပြုလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုအရ တရုတ်နိုင်ငံ အမျိုးသား ဦးရေ ထက်ဝက်ကျော်ဟာ ဆေးလိပ်သောက်သုံးကြတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံအမျိုးသားကျန်းမာရေးဌာနဟာ ၂၀၁၁ ခုနှစ်ကလည်း ဟိုတယ်နဲ့ စားသောက်ဆိုင်တွေမှာ ဆေးလိပ်သောက်သုံးမှုကို ပိတ်ပင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ အခုတစ်ကြိမ်မှာတော့ တရုတ်အစိုးရဟာ ဆေးရွက်ကြီးထိန်းချုပ်မှုကို ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပြီး မလိုက်နာတဲ့လူတွေကို အပြစ်ပေးမှုတွေ ပြုလုပ်သွားမယ်လို့  ဆင်ဟွာသတင်းဌာနက ဆိုပါတယ်။

နှစ်စဉ်နှစ်တိုင်း တရုတ်နိုင်ငံမှာ ဆေးရွက်ကြီးနဲ့ ဆက်စပ်တဲ့ရောဂါတွေကြောင့် လူတစ်သန်းကျော် သေဆုံး နေရပါတယ်။ တကယ်လို့ တရုတ်နိုင်ငံဟာ ဆေးရွက်ကြီးသုံးစွဲမှုကို မလျော့ချနိုင်ခဲ့ဘူးဆိုရင် သက္ကရာဇ် ၂၀၅၀ ခုနှစ်ရောက်ရင် တစ်နှစ်ကို လူသုံးသန်းလောက် သေဆုံးရလိမ့်မယ်လို့ WHO က သတိပေး လိုက်တာပါ။

လွန်ခဲ့တဲ့လက တရုတ်ဟာ ဆေးရုံတွေ၊ အများပြည်သူသုံးသယ်ယူပို့ ဆောင်ရေးနေရာတွေနဲ့ ကျောင်းတွေ မှာ ဆေးလိပ်မသောက်သုံးဖို့ ကို စံပြဥပမာအနေနဲ့ စတင်ပြဌာန်းခဲ့ပြီး အခုဆိုရင် မြို့ ၃၂ မြို့ ဟာ လူမြင် ကွင်း၊အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ ဆေးလိပ်သောက်သုံးမှုကို တင်းကျပ်စွာပိတ်ပင်လိုက်ပြီး လို့  သိရပါတယ်။

Trend Myanmar

No comments:

Post a Comment

My Blog List