Wednesday, January 15, 2014

ထိုင်းအစိုးရ ရာထူးမှ နုတ်ထွက်ခြင်းမရှိပါက ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် ဝန်ကြီးများအား ဖမ်းဆီးမည်ဟု အတိုက်အခံ ခေါင်းဆောင် ပြောကြား



ထိုင်းနိုင်ငံတွင် ဗန်ကောက်မြို့တော်အား ချည့်နဲ့သွားစေရန် အတွက် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူများက ပိတ်ဆို့မှုများ နှစ်ရက်ကြာ ပြုလုပ်ပြီးနောက် ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် အစိုးရအဖွဲ့မှ အဓိက ဝန်ကြီး များက ရာထူးမှနုတ်ထွက်ခြင်းမရှိပါက ယာယီဝန်ကြီးချုပ် ရင်လပ်နှင့် သူမ၏ ဝန်ကြီးများအား ဖမ်းဆီး သွား မည်ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင်တစ်ဦးဖြစ်သူ ဆူသက်သောင် ဆူဘန်က ဇန်နဝါရီ ၁၄ရက်တွင် ခြိမ်းခြောက် ပြောကြားခဲ့ကြောင်း သိရသည်။

အစိုးရ ဆန့်ကျင်သည့် ဆန္ဒပြသူများသည် လာမည့်ရက်များ အတွင်း မြို့တော်ရှိ အစိုးရအဖွဲ့၏ အဆောက် အအုံများကို ဝန်းရံပိတ်ဆို့ သွားမည် ရာထူးမှနုတ်ထွက်ရန် ဆက်လက်ငြင်းဆန်နေမည်ဆိုပါက ယာယီ ဝန်ကြီးချုပ် ရင်လပ်နှင့် အစိုးရအဖွဲ့မှ အဓိကကျသည့် ဝန်ကြီးများ၏နေအိမ်များကို ပိတ်ဆို့ သွားမည်ဖြစ် ကြောင်း၊ ယင်းအခြေ အနေတွင် အစိုးရအနေဖြင့် ရာထူးမှ နှုတ်ထွက်ပေးရန် ဆက်လက်ငြင်းဆန် နေပါက ဆန္ဒပြသူ များက ဝန်ကြီးချုပ် ရင်လပ်နှင့် သူမ၏အစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ဖမ်းဆီးရမည် ဖြစ်ကြောင်း ဆန္ဒပြ ပြည်သူများအား မိန့်ခွန်းပြောကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရသည်။

အတိုက်အခံ ခေါင်းဆောင်သောင် ဆူဘန်သည် အစိုးရအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးရေးကို အပြင်းအထန် ငြင်းဆိုခဲ့ပြီး နိုင်ငံအတွင်းရှိ ရင်လပ် ဦးဆောင်သည့် ယာယီ အစိုးရက ရာထူးမှ နုတ်ထွက်သွား သည်အထိ ဆန့်ကျင်ဆန္ဒပြ သွားရန် ဆုံးဖြတ် ထားကြောင်း သိရသည်။

အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများသည် ဇန်နဝါရီ ၁၄ရက် နံနက်ပိုင်းက အစိုးရ အဖွဲ့၏ အကောက်ခွန်ဌာန၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာနများအား ဝန်းရံပိတ်ဆို့၍ ဆန္ဒပြခဲ့ ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment

My Blog List