Tuesday, January 14, 2014

ချစ်သူနဲ့အတူ ရွှေလက်တွဲလိုက်ပြီ ဖြစ်တဲ့ အဆိုတော် Nကိုင်ရာ





ကချင်တိုင်းရင်းသူလေး ဖြစ်တဲ့ အဆိုတော် Nကိုင်ရာတစ်ယောက် သူမရဲ့ချစ်သူဖြစ်တဲ့ မောင်မဟော် ဘုန်းအောင် နဲ့အတူ လက်ထပ်မင်္ဂလာပွဲကို ဇန်နဝါရီ၁၄ရက်နေ့ က စမ်းချောင်းမြို့နယ် ၊ရွှေပြည်အေးလမ်းရှိ ရန်ကုန်ကချင်နှစ်ခြင်းခရစ်ယာန်ဗိမာန်တော်မှာ ပြုလုပ်ကျင်းပသွားခဲ့ပါတယ်။ 

မင်္ဂလာပွဲကို အနုပညာမောင်နှမတစ်ချို့နဲ့ ဧည့်ပရိသတ်တွေက တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။ ထို့အတူ မင်္ဂလာညစာစားပွဲကိုတော့ ဇန်နဝါရီလ၁၅ရက်နေ့ မှာပဲ Sky Starဟိုတယ်တွင် ကျင်းပပြုလုပ် သွားမှာဖြစ်ပါတယ်။ 

အခုလို လက်ထပ်ဖို့ ဆုံးဖြတ်ဖြစ်တာနဲ့ ပတ်သက်ပြီး Nကိုင်ရာက ‘တစ်ယောက်ကိုတဟ်ယောက်အပြန် အလှန် နားလည်မှုရှိတာကြောင့်ရယ်၊ ကိုယ့်အပေါ်မှာလည်း အရမ်းကိုနားလည်ပေးနိုင်တဲ့ သူတစ်ယောက် ဖြစ်တယ်။

 နောက်ပြီး ကချင်လူမျိုးအချင်းချင်း ဖြစ်တာကြောင့် ပိုပြီးအဆင်ပြေတယ်။ အဲဒါတွေကြောင့် ရွှေလက်တွဲဖို့ ဆုံးဖြတ်လိုက်တာပါ’လို့ ဖွင့်ဟသွားပါတယ်။

 Trend Myanmar

No comments:

Post a Comment

My Blog List