Friday, January 17, 2014

မြေကဲ့သို့ ခိုင်မာသည့်အပေါင်ပစ္စည်းများဖြင့် အိမ်ဆောက်လုပ်ရန် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်သို့ လာရောက်စုံစမ်းသူ များပြားလျက်ရှိ

ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည့် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်တွင် လုံးချင်းအိမ်၊ ကွန်ဒိုနှင့်တိုက် ခန်း အိမ်ဝယ်ယူလိုသူများ ချေးငွေလိုအပ်ပါက အဆိုပါဘဏ်တွင် ချေးငွေများစတင် ရယူနိုင်ပြီဖြစ် သည့်အတွက် လာရောက်စုံစမ်းသူများပြားလျက် ရှိကြောင်း သိရသည်။
“ကျွန်တော့်ဆီမှာ မြေဂရန်ရှိတယ်။ အိမ်ဆောက်ဖို့ ပိုက်ဆံလိုနေတဲ့အတွက် ဒီမှာလာ စုံစမ်းတာပါ”ဟု လှိုင်မြို့နယ်မှ ဦးအေးကျော်က ဆိုသည်။

“ကိုယ်က ၀န်ထမ်းဆိုတော့ ဘာမြေမှ မပိုင်ဘူး။ ဒါကြောင့် ဒီဘဏ်မှာ ငွေချေးဖို့ စုံစမ်းတာပါ။ ကိုယ့်ရဲ့ ပြန်ပေးနိုင်မယ့် အခြေအနေကိုကြည့်ပြီး သူတို့က ထုတ်ချေးမယ်လို့ သိရပါတယ်။ ဂရန်ရှိတဲ့သူက ပိုက်ဆံချေးရတာ ပိုလွယ်တယ်”ဟု အင်းစိန်မြို့နယ် မှ ကျောင်းဆရာမတစ်ဦးက ပြောကြားသည်။

မိမိပိုင်မြေပေါ်တွင် အထပ်မြင့်အိမ်ရာနှင့် လုံးချင်းအိမ်ဆောက်လုပ်လိုသောမြေပိုင်ရှင်များလည်း ချေးငွေ လိုအပ်ပါက ဆက်သွယ်နိုင်ကြောင်း၊ ဆောက်လုပ်ရေး အထူးချေးငွေအနေဖြင့် ဆောက်လုပ်ရေး ကုမ္ပဏီ ကြီးများ၊ ဆောက်လုပ်ရေးလုပ်ငန်းရှင်များ ချေးငွေလိုပါကလည်း အဆိုပါဘဏ်သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

ထို့ပြင် အဆိုပါဘဏ်တွင် တစ်ဦးချင်းဖြစ်စေ၊ နှစ်ဦး (သို့မဟုတ်) နှစ်ဦးထက်ပို၍ ဖြစ်စေ၊ အသင်းအဖွဲ့ အစည်း ကုမ္ပဏီများဖြစ်စေ ကနဦးအပ်ငွေ ကျပ် ၁၀၀၀၀ ဖြင့် စာရင်း ဖွင့်လှစ်နိုင်ပြီဖြစ်ရာ ဘဏ်ဖွင့်လှစ်ပြီး တစ်ပတ်အတွင်း ကာလ၌ အပ်နှံသူဦးရေ ၁၀၀ ကျော်ရှိလာကြောင်း သိရသည်။

ငွေစုဘဏ် အပ်ငွေအတွက် အတိုးကို လစဉ် ၁ ရက်မှ ၅ ရက်အတွင်း ထည့်ဝင်ငွေကို အတိုးထွက်ပြီး တစ်လ၏ အနည်းဆုံးလက်ကျန်ငွေပေါ် အတိုးပေးကြောင်း၊ အတိုးနှုန်းမှာ တစ်နှစ်ရှစ်ရာခိုင်နှုန်းဖြစ်ပြီး သုံးလတစ်ကြိမ် အတိုးထည့်ပေးကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ယောမင်းကြီးရပ်ကွက် ရွှေတိဂုံဘုရားလမ်း၊ အမှတ်(၆၀)တွင် ဆောက် လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်ရုံးချုပ်ကို ဇန်န၀ါရီ ၁၁ ရက်က ဖွင့်လှစ်ခဲ့ပြီး အဆိုပါဘဏ်၏ ဗိုလ်တထောင်ဘဏ်ခွဲကို ဇန်န၀ါရီ ၁၆ ရက်က အမှတ်(၂၂၈/ ၂၃၄)၊ ဗိုလ်ချုပ်လမ်း မြို့ရွာ နှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာန ဗိုလ်တထောင်မြို့နယ်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်များကို နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ တောင် ငူ၊ ပြည်၊ မကွေး၊ တောင်ကြီး နှင့် ပုသိမ်မြို့များတွင် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

eleven media group

No comments:

Post a Comment

My Blog List