Thursday, January 16, 2014

RCSS ဥက္ကဌ အနားယူ မည်ဟု တရားဝင် ထုတ်ဖေါ် ပြောကြား




လာမည့် ဖေဖေါ်ဝါရီ လ (၁၃) ရက်နေ့ ညီလာခံ၌ ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) ဥက္ကဌ အဖြစ် ရွေးချယ် ခံတော့မည် မဟုတ်ကြောင်း ပြီးခဲ့သည့် ဇန္နာဝါရီလ (၉) ရက်နေ့၌ (၅) ရက်တာ ကျင်းပ ခဲ့သည့် (၂၀၁၃) ခုနှစ် နှစ်ပတ် အစည်း အဝေး တွင် ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ရွက်ဆစ် က ပြောကြား ခဲ့သည် ဟု ပြောရေး ဆိုခွင့် ရှိသူ ဗိုလ်မှူး ကြီး စိုင်းလောင်းဆိုင်မှ ဆိုပါသည်။

“ဥက္ကဌ ရွေးချယ်မဲ့ စာရင်း ကနေ သူမပါ တော့ဘူး လို့ ပြော လိုက်တာပါ။ လုပ်လာ တာလဲ ကြာပြီး ဆိုတော့ အစားထိုး ချင်တယ်။ ပြီးတော့ သူလည်း အနားယူ ချင်တဲ့ သဘော ဖြစ်လာ တယ်။ ဥက္ကဌ တာဝန်က (၁၂)နှစ် ဆက်တိုက် ထမ်း ဆောင် လာခဲ့တယ် လေ။ ဒါကြောင့် သူ့ဆန္ဒ ကို နှစ်ပတ် လည် အစည်း အဝေးမှာ ထုတ် ပြောတာ ဖြစ်ပါတယ်။” ဟု ဆိုပါသည်။ 

ဥက္ကဌ သည် ကိုယ်စား လှယ် ပေါင်း (၄၀၀) ကျော် တက်ရောက် သည့် နှစ်ပတ်လည် အစည်း အဝေးတွင် ပြောကြား ခဲ့ခြင်း ဖြစ်ပါသည်။ အစည်း အဝေးကို ဗဟို ဌာနချုပ် စခန်းတွင်ကျင်းပပြီး စစ်ဖက် နှင့် အုပ်ချုပ်ရေး ဖက်မှ တက်ရောက် ခဲ့ကြကာ ဇန်န ဝါရီ ၁၃ ရက်နေ့ အထိ ကျင်းပ ခဲ့ပါသည်။

အစားထိုး နိုင်မည့် ခေါင်းဆောင် များမှာ ဒုဥက္ကဋ္ဌ နှစ်ဦး ဖြစ်သည့် ဗိုလ်မှူး ချုပ် စိုင်းယီနှင့် ဗိုလ်မှူး ကြီး ခဂွန် (Kherh Ngeun) တို့သာ ရှိပါသည်။ ထို့အပြင် RCSS တွင် တော်လှန် ရေး အတွေ့အကြုံရှိ သော ခေါင်းဆောင် အများအပြား ရှိပါသည်။ သို့ သော်လည်း မည်သူ အစားထိုး ရွေးချယ် နိုင်မည် ကို ခန့်မှန်းရ ခက်နေ သေး သည်ဟု စိုင်းလောဝ် ဆိုင် က ဆိုပါသည်။

ဒုတိယ ဗိုလ်ချုပ် ကြီး ရွက်ဆစ် သည် ပြီးခဲ့သည့်၂၀၀၀ ခုနှစ်မှ စပြီး လေးနှစ် တစ်ကြိမ် ကျင်းပသည့် ပါတီ ညီလာ ခံ၌ ထောက်ခံမဲ အများဆုံး ရရှိကာ ဥက္ကဌ အဖြစ် သုံးကြိမ် ဆက်တိုက် အရွေးခံ ခဲ့ရသည်။

၎င်းသည် ဗိုလ်ချုပ် ခွန်ဆာ ခေါင်း ဆောင်သော မိုင်းတိုင်း တပ်မတော် (MTA) မှ အစိုးရ ထံသို့ လက်နက် ချခဲ့ပြီးသည့် ၁၉၉၆ ခုနှစ် နောက် ပိုင်း RCSS/SSA အား ပြန်လည် တည်ထောင်သူ များထဲမှ တဦးလည်း ဖြစ်ပါသည်။ ၄င်း ၏ တာဝန်ထမ်း ဆောင်မှု သက်တမ်း (၁၈) နှစ်အတွင်း (၁၂)နှစ် သည် RCSS/SSA ဥက္ကဌ တာဝန် ထမ်းဆောင် ခဲ့ပါ သည်။

RCSS ၏ ဖွဲ့စည်းပုံ အရ ပါတီ ညီလာခံ ကို လေးနှစ် တစ်ကြိမ် ကျင်းပ ရန် ရှိ သည့် အတွက် လာမည့် ဖေဖော် ဝါရီလ (၁၃) ရက်နေ့တွင် ကျင်းပ မည် ဖြစ်သည်။ ၄င်းညီလာခံ ၌ ဥက္ကဋ္ဌ သစ် ရွေး ချယ် ကြမည် ဖြစ်ပါ သည်။ အလားတူ ပညာ ရေး၊ ကျန်းမာ ရေး၊ ပြန်ကြား ရေး၊ နိုင်ငံတကာ၊ ပြည်တွင်း နှင့်တိုင်းရင်း သား ဆက်ဆံရေး စသည့် လုပ်ငန်း ဌာနပေါင်း ၁၅ ခုမှ ဌာနဆိုင်ရာတာဝန်ခံ များကို လည်း ရွေးကောက် တင်မြှောက် ကြမည် ဖြစ်သည်။

RCSS ၏ ရှေ့လုပ်ငန်း စဉ်များ မှာ တစ်နိုင်ငံ လုံး အတိုင်း အတာ အပစ် အခတ်ရပ်စဲရေး မူ၊နှစ်ဖက် ပူးတွဲ စောင့် ကြည့်ရေး ကော် မီတီ ထားရှိရေး၊ ဆက်ဆံ ရေး ရုံးများ ဖွင့်လှစ်ရေး၊ နှစ်ဖက် တပ်များ လိုက်နာ ရမည့် ကျင့် ဝတ်များ ပူးတွဲ ရေးဆွဲ ရေး၊ နိုင်ငံရေး မူဘောင်ရေးဆွဲရန် အချိန်ဇယား မူဟောင် ရေးဆွဲ ချိန် အတိ အကျ သတ်မှတ်ရေး၊ နိုင် ငံရေး ဆွေးနွေးချိန်သတ်မှတ်ရေး စသည့် အချက်များ ဖြစ်သည် ဟု နှစ်ပတ်လည် အစည်း အဝေးတွင် သုံးသပ်ထား ပါသည်။

ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) သည် ၂၀၀၀ ခုနှစ် မေလ၂၇ ရက်နေ့တွင် စတင် တည်ထောင် ခဲ့ကြပြီး ဗိုလ်ချုပ် ခွန်ဆာ၏ (MTA) တပ်များ လက်နက် ချပြီး နောက် ပြန်လည် စုဖွဲ့ ထားပါသည်။

Phophtaw News Association 

No comments:

Post a Comment

My Blog List