Friday, January 17, 2014

အခြေခံပညာကျောင်းများ၌ စာသင်ချိန်အတွင်း တယ်လီဖုန်း၊အင်တာနက် သုံးကိရိယာ၊ ဂိမ်းစက်စသည့် အီလက်ထရွန်နစ်ပစ္စည်းများကို လွဲမှားစွာ အသုံးမပြုကြစေရန် ကြပ်မတ်လျက်ရှိဟု ပညာရေးဒုတိယ၀န်ကြီး ပြောကြား

အခြေခံပညာကျောင်းများ၌ စာသင်ချိန်အတွင်း တယ်လီဖုန်း၊ အင်တာနက်သုံးကိရိယာ၊ ဂိမ်းစက်စသည့် အီလက်ထရောနစ်ပစ္စည်းကို လွဲမှားစွာအသုံးမပြုကြစေရန် ကြပ်မတ်လျက်ရှိဟု ပညာရေးဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က ပြောကြားခဲ့သည်။
ဇန်န၀ါရီ ၁၆ ရက်က ပြုလုပ်သော ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် အမရပူရ မဲဆန္ဒနယ်၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး မေးမြန်းသည့်“နိုင်ငံတစ်ဝန်း တရားဝင်ဖွင့်လှစ် ထားသော ကျောင်းများတွင် ကျောင်းသားကျောင်းသူများအား ဖုန်း၊ ဂိမ်းစက်၊ အင်တာနက်သုံးကိရိယာနှင့် အခြားအီလက်ထရွန်နစ်ပစ္စည်းများ သယ်ဆောင်အသုံးပြုခြင်းကို တားဆီးထိန်းချုပ်ရန် အစီအစဉ်ရှိ၊ မရှိ”မေးမြန်းချက်ကို ပြန်လည်ဖြေကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးသိန်းထွန်းဦး မေးမြန်းရာတွင် ကျောင်းသား၊ ကျောင်းသူများ၏ စာသင်ကြားဖြေဆိုမှုများကို မထိခိုက်စေ ဘဲ ဆောင်ရွက်နိုင်ရန်အတွက်သာ မေးမြန်းခြင်းဖြစ်ပါတယ်။ ကျောင်းသား၊ ကျောင်းသူလူငယ်များမှာ ခေတ်စနစ်ရဲ့ ပြောင်းလဲတိုးတက်မှုများကြောင့် တယ်လီဖုန်း၊ဂိမ်းစက်၊အင်တာနက်သုံးကိရိယာများအား ကျောင်းအတွင်းယူဆောင်ပြီး ကျောင်းစာသင်ချိန်၌ ဂိမ်းကစားခြင်း၊ တယ်လီဖုန်းပြောခြင်း၊ အင်တာနက်သုံးခြင်း၊ ညစ်ညမ်းဗီဒီယိုကားများအပါအ၀င် ဗီဒီယိုကားပေါင်းစုံကြည့်ခြင်း၊ သီချင်းနားထောင်ခြင်း စသည်တို့ကို လုပ်ဆောင်နေခြင်းများကြောင့် ကျောင်း သား၊ ကျောင်းသူတို့ရဲ့ ပညာရေးအားနည်းလာမည်ကို စိုးရိမ်ဖွယ်တွေ့ရှိရပါတယ်”ဟုထည့်သွင်းပြောကြားခဲ့ သည်။

ပညာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မင်းအောင်က “ပညာရေးဝန်ကြီးဌာနအနေနဲ့အခြေခံ ပညာကျောင်းများမှာ ကျောင်းသား၊ ကျောင်းသူများအား လက်ကိုင်ဖုန်းများ သယ်ဆောင်အသုံးမပြုရန်
 ညွှန်ကြားထားခြင်းမရှိသော်လည်း အခြေခံပညာကျောင်းများမှာရှိတဲ့ ကျောင်းအုပ်ကြီး ဦးဆောင်သော ကျောင်းစည်းကမ်းထိန်းသိမ်းရေးအဖွဲ့မှ ကျောင်းစည်းကမ်း သတ်မှတ်ချက်များဖြင့် ထိန်းသိမ်းကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။ ကျောင်းသားမိဘများအနေနှင့်လည်း မိမိတို့ရဲ့ကလေး များ ခေတ်ပေါ်အီလက်ထရွန်နစ်ပစ္စည်းများကို လွဲမှားစွာအသုံးမပြုစေရေး ကြပ်မတ်ထိန်းကျောင်းရန် လိုအပ်မှာဖြစ်ပါတယ်” ဟု ဆိုသည်။

Eleven Media Group

No comments:

Post a Comment

My Blog List