Thursday, January 16, 2014

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေ ပုဂံမှာ တွေ့ဆုံမယ်




အရှေ့တောင်အာရှ ​နိုင်ငံများအသင်း ​အာဆီယံ ​ဥက္ကဌ ​ဖြစ်လာတဲ့ ​မြန်မာနိုင်ငံက ​ဒီလာမယ့် ​သောကြာနေ့ ကစပြီး ​အာဆီယံအသင်းဝင် ​နိုင်ငံခြားဝန်ကြီးများ ​အလွှတ်သဘော ​တွေ့ဆုံပွဲကို ​ပုဂံမြို့မှာ ​လက်ခံကျင်းပ ​ပြုလုပ်ဖို့ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံအစည်းအဝေးကျင်းပဖို့ ​အဆင်သင့်ဖြစ်နေပြီလို့ ​မြန်မာအစိုးရက ​ပြောဆိုလိုက်ပါတယ်။

နိုင်ငံခြားကိုယ်စားလှယ်တွေကို ​သယ်ယူပို့ဆောင်ရာမှာ ​အဆင်ပြေအောင် ​BMW ​နဲ့ ​limousines ​ဇိမ်ခံကားတွေလည်း ​စီးပွားရှင်တွေက ​လျူဒါန်းထားတဲ့အတွက် ​သယ်ယူပို့ဆောင်ရေးမှာလည်း ​အသင့်ဖြစ်နေပြီလို့ ​သိရပါတယ်။

အာဆီယံအသင်းဟာ ​ကမ္ဘာ့နိုင်ငံရေးမှာ ​ထွန်းတောက်လာတဲ့ ​ကြယ်တပွင့်ဖြစ်နေပြီး ​မြန်မာနိုင်ငံက ​ဥက္ကဌအဖြစ် ​ဆောင်ရွက်စဉ်အတွင်း ​ပိုပြီး ​ထွန်းတောက်လာအောင် ​လုပ်ဆောင်နိုင်လိမ့်မယ်လို့ ​ယုံကြည် ကြောင်းလည်း ​မြန်မာအစိုးရက ​ပြောပါတယ်။

လာအိုနဲ့ ​ကမ္ဘောဒီးယားလို ​နိုင်ငံတွေက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ခဲ့တုန်းက ​အဲဒီနိုင်ငံအပေါ် ​မျော်လင့်ချက်တွေ ​သိပ်မထားခဲ့တဲ့အတွက် ​အဲဒီနိုင်ငံတွေက ​ထင်တာထက်တောင် ​လုပ်နိုင်စွမ်းရှိ ခဲ့တယ်ဆိုပြီး ​သုံးသပ်ခဲ့ကြပေမယ့် ​မြန်မာနိုင်ငံအပေါ်မှာတော့ ​မျော်လင့်ချက် ​ကြီးကြီးမားမား ​ထားကြတဲ့ အတွက် ​မျော်လင့်ထားသလို ​လုပ်ပြနိုင်ဖို့ ​လိုအပ်နိုင်တယ်လို့ ​မြန်မာ့အရေး ​ကျွမ်းကျင်သူ ​သြစတြေးလျက ​စီးပွားရေးပညာရှင် ​ဒေါက်တာ ​Sean ​Turnell ​က ​ပြောပါတယ်။

ဒီနှစ်အတွင်း ​လာအိုနိုင်ငံက ​အာဆီယံ ​ဥက္ကဌအဖြစ် ​ဆောင်ရွက်ရမှာ ​ဖြစ်ပေမယ့် ​မြန်မာနိုင်ငံက ​ရယူလိုက် တာကို ​ကြည့်ခြင်းအားဖြင့် ​မြန်မာနိုင်ငံအနေနဲ့ ​ဒေသတွင်းနဲ့ ​ကမ္ဘာကို ​ပြန်ပြီးအဆက်အသွယ် လုပ်ခြင် ကြောင်း ​ပြသလိုက်သလို ​ဖြစ်တယ်လို့ ​အရှေ့တောင်အာရှအရေး ​ကျွမ်းကျင်သူ ​Carl ​Thayer ​ကလည်း ​သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံက ​ဥက္ကဌအဖြစ် ​ဆောင်ရွက်တုန်း ​တရုတ်နဲ့ ​အာဆီယံနိုင်ငံအကြား ​ဖြစ်နေတဲ့ ​ပင်လယ်ပြင် ​ပိုင်ဆိုင်မှု ​ပြဿနာကို ​ဦးဆောင်ဆွေးနွေးရမှာ ​ဖြစ်တယ်လို့လည်း ​သုံးသပ်ကြပါတယ်။

တရုတ်နိုင်ငံက ​မြန်မာနိုင်ငံကို ​တောက်လျောက် ​ထောက်ပံ့ကူညီခဲ့တဲ့ ​မိတ်ဖက်နိုင်ငံ ​ဖြစ်တဲ့အတွက် ​ဒီလို ​ဆွေးနွေးမှုအတွင်း ​မြန်မာအနေနဲ့ ​တရုတ်ဖက်ကို ​ဘက်မလိုက်အောင် ​အနီးကပ် ​စောင့်ကြည့်တာတွေ ​ခံရနိုင်တယ်လို့လည်း ​သုံးသပ်နေကြပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ​အာဆီယံအစည်းအဝေးသာမက ​အရှေ့အာရှ ​ညီလာခံကိုပါ ​လက်ခံ ​ကျင်းပရမှာဖြစ်ပြီး ​အဲဒီညီလာခံကို ​တရုတ်၊ ​ရုရှားနဲ့ ​အမေရိကန်နိုင်ငံက ​ထိပ်သီးခေါင်းဆောင်တွေပါ ​တက်ရောက်လေ့ ရှိပါတယ်။

ABC

No comments:

Post a Comment

My Blog List