Tuesday, January 14, 2014

ရောဂါပိုးတွေနဲ့ ရေအိမ်တံခါးကို မကိုင်ချင်တဲ့သူတွေအတွက် ခြေထောက်နဲ့ ဖွင့်လို့ရစေမယ့် ကိရိယာ







ရေအိမ်တံခါးတွေဟာ ရောဂါပိုးတွေနဲ့ ပြည့်နှက်နေတာကြောင့် တော်ရုံလူက ကိုင်ချင်မှာမဟုတ်ပါဘူး။ ခုတော့ StepNpull လို့ခေါ်တဲ့ ခြေထောက်နဲ့ ဖွင့်လို့ရစေမယ့် ကိရိယာတွေကို Mick Janaway ဆိုသူက ဗြိတိန်မှာ ရောင်းချပေးနေပါပြီ။
 
ဒီကိရိယာဟာ အသွားထွင်းထားတဲ့ သတ္တုပြားပါရှိပြီး ခြေထောက်နဲ့နင်းပြီး တွန်းဖွင့်နိုင်ဖို့အတွက် တံခါးအောက်ခြေမှာ ၀က်အူစုပ်ထားရမှာပါ။

ဒီကိရိယာကိုအသုံးပြုကြမယ်ဆိုရင် ရောဂါပိုးနဲ့ ကူးစက်ရောဂါတွေ ပျံ့နှံ့တာကို လျှော့ချနိုင်လိမ့်မယ်လို့ Mr. Janaway ကယုံကြည် ထားပါတယ်။ စတာလင်ပေါင် ၄၀နှုန်းနဲ့ အွန်လိုင်းမှာ ရောင်းချပေးနေပြီလို့ သိရပါတယ်။

Ref:dailymail
Trend Myanmar

No comments:

Post a Comment

My Blog List