Thursday, January 16, 2014

ဆီးရီးယား အပစ်အခတ် ရပ်စဲရေးနှင့် ထောက်ပံ့ရေး ပစ္စည်းများ ထပ်မံ ပေးပို့သွားရေး ရုရှားနှင့် အမေရိကန် တောင်းဆို



ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ရော့ဗ်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီတို့ နှစ်ဦး သည် ပဲရစ်မြို့တွင် ယခုသီတင်းပတ်အတွင်းက တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဆီးရီးယားနိုင်ငံအတွင်း အပစ် အခတ်ရပ်စဲရေးနှင့် ၎င်းနိုင်ငံသို့ နိုင်ငံတကာမှ အကူအညီများ ထပ်မံပေးပို့ရေး တောင်းဆိုခဲ့ကြောင်း သိရသည်။

ထို့ပြင် ၎င်းတို့ နှစ်ဦးသည် ဆီးရီးယားနိုင်ငံဆိုင်ရာ ကုလ-အာရပ် အဖွဲ့ချုပ် အထူး သံတမန် လက်ခ်ဒါ ဘရာမီနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဆွစ်ဇာလန်နိုင်ငံ၌ ဇန်နဝါရီ ၂၂ ရက်တွင် ကျင်းပမည့် ဆီးရီးယား ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အတွက်လည်း ပြင်ဆင်မှုများ ပြုလုပ်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဆီးရီးယား နိုင်ငံသို့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများပေးပို့မှု အစီအစဉ်သည် စစ်သွေးကြွ၏ လက်ချက်ကြောင့် ရပ်တန့် ခဲ့ရပြီး ၎င်းတို့၏ တိုက်ခိုက်မှု များကြောင့် နိုင်ငံတကာ အကူအညီ ပေးရေး အဖွဲ့မှ အဖွဲ့ဝင် ၃၂ ဦး သေဆုံးခဲ့ကြောင်း လက်ရော့ဗ်က ပြောကြားခဲ့သည်။

ထို့ကြောင့် ပါလက်စတိုင်း ဒုက္ခသည် စခန်းသို့ ပေးပို့မည့် ထောက်ပံ့ရေး ပစ္စည်းများ တင်ဆောင်လာသော ယာဉ်တန်းများကို ဘေးအန္တရာယ် ကင်းရှင်းစေရန် ဆီးရီးယားအစိုးရက အာမခံချက်ပေးရမည် ဖြစ်ကြောင်း ရုရှားထိပ်တန်း သံတမန်တစ်ဦးက ပြောကြားခဲ့သည်။

မြ၀တီ

No comments:

Post a Comment

My Blog List