၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းပေး ရသော တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ နေရာတွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ရှိ အမျိုးသမီး နှစ်ဦးကို တပ်မတော်က ပထမဆုံးအကြိမ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ပေး အပ် ကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ထုတ် အစိုးရပိုင်မီဒီယာများတွင် ဖော်ပြပါရှိသည်။
အဆိုပါ အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ်နှစ်ဦးမှာ ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့် (ကြည်း/၂၅၅၀၄) နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် (ကြည်း/၂၆၀၇၀) တို့ဖြစ်ပြီး ဗိုလ်မှူးထွန်းထွန်းဝင်း (ကြည်း/ ၂၇၂၉၁)နှင့် ဗိုလ်မှူးကျော်ကျော်သက် (ကြည်း/၃၃၁၄၄) တို့၏ နေရာတွင် အစားထိုး ပြောင်းလဲခြင်းဖြစ် ကြောင်း အဆိုပါ မီဒီယာများတွင် ဖော်ပြထားသည်။
No comments:
Post a Comment