Thursday, January 16, 2014

ဂျိုင်းတွေဖြူနေအောင် ဘယ်လိုလုပ်ရမလဲ ?



ဂျိုင်းမဲခြင်းဟာလည်း အမျိုးသမီးတွေကို မိမိကိုယ်ကိုယ်ယုံကြည်မှုမဲ့စေတယ်... ဂျိုင်းမဲရခြင်းဟာ မိမိနှင့် မတည့်သော roll on များသုံးခြင်း၊ ဂျိုင်းမွေးရိတ်ခြင်း၊အမွှေးချွတ်ဆေးများ တို့ကြောင့်လည်း ဖြစ်တတ်ပါတယ်... ဂျိုင်းရဲ့အောက်မှာ ဆဲလ်အသေများစုပြုံခြင်းကြောင့်လည်းမဲနေတတ်တယ်.. ဂျိုင်းမဲခြင်းကြောင့် အနံ့ဆိုးထွက်ခြင်း၊ယားယံခြင်းများလည်းဖြစ်တတ်ပါတယ်

ကဲ...အောက်ပါနည်းလမ်းတစ်ချို့နဲ့ ဖြေရှင်းလိုက်ရအောင်

(၁) ချေထားသောသခွားသီး အရည်တစ်ခွက် ၊ သံပုရာတစ်ဇွန်း နှင့် နနွင်းမှုန့်အနည်းငယ် ရောမွှေပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၂) လက်ဖက်ရည်ဇွန်းနှစ်ဇွန်းစာ စန္ဒကူးအမှုန့် နှင့် နှင်းဆီညစ်ထားသောရေအား သမအောင်ရောမွှေပြီး (၅)မိနစ်ခန့် နှိပ်နယ်ပါ။ မိနစ်(၃၀)ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၃) ကုလားပဲမှုန့် (၂)ဇွန်း၊သံပုရာရည်(၂)ဇွန်းနှင့် နို့ချဉ် အနည်းငယ်အားသမအောင်မွှေပါ။(၅)မိနစ်ခန့် နှိပ်နယ်ပါ။ မိနစ်(၂၀)ခန့်ထားပြီး ရေဖြင့်ဆေးချပါ။

(၄) မှုန့်ဖုတ်ပေါင်ဒါ နှင့် ရေအား သမအောင်ပျစ်ပျစ်လေးမွှေပါ။ (၁၅)မိနစ်လောက်ထားပြီး ရေဆေးချပါ။

(၅) သံပုရာသီးအား နှစ်ခြမ်းခြမ်းပြီး ဂျိုင်းနေရာအား ပွတ်ပေးပါ။ (၁၀)မိနစ်ခန့်ထားပြီးရေဆေးချပါ။ (နေ့စဉ် ပြုလုပ်ပေးပါ)

အလှအပရေးရာမှဘာသာပြန်သည်။
ပျိုမေတို့သိစေဖို့

No comments:

Post a Comment

My Blog List