အမေရိကန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်ရဲ့ စစ်တမ်းအရ အိမ်ထောင်ကွဲရခြင်းရဲ့  ၃ ပုံပုံ ၁ ပုံသော အကြောင်းအရင်း ဟာ Facebook ကြောင့် ဖြစ်ကြောင်း သိရပါတယ်။
ယင်းကဲ့သို့ အလားတူပဲ အခြားဖြစ်ရပ်တစ်ခုမှာ အမျိုးသားရဲ့  Facebook မှ တစ်ဆင့် အခြားအမျိုးသမီး တစ်ဦးနဲ့ ချစ်ခင်စုံမက်မှုကြောင့် အိမ်ထောင်ကွဲ တဲ့ ဖြစ်ရပ်လည်း ရှိခဲ့ပါတယ်။ ယင်းဖြစ်ရပ်မှာတော့ အမျိုးသမီးက နစ်နာပြီး သားသမီးနဲ့ ကျန်ခဲ့ပါတယ်။ ဒီလိုပါပဲ Facebook, G Talk တို့ကြောင့် ကွဲ သွားရတဲ့ အိမ်ထောင်တွေ အများကြီးပါတယ်။ ဒါဟာ မြန်မာပြည် မှာ ဖြစ်နေ တာတင် မဟုတ်ပဲ ကမ္ဘာမှာပါ အရေအတွက် အလုံးလိုက် အရင်းလိုက်ကို ဖြစ်နေခြင်း ဖြစ်ပါတယ်။ အချို့ ကျတော့လည်း အပြောင်းပြန် ပါ။ Facebook ကနေပဲ ဖူးစာရှာတွေ့ပြီး ချစ်ကြီုက် ထိမ်းမြားလက်ထက် သွားသူများလည်း ရှိပါသေးတယ်။
ဒါကြောင့် ၂၁ ရာစုမှာ Facebook , Twitter အသုံးပြုမှုဟာ အိမ်ထောင်ရှင်အကြားမှာ အိမ်ထောင် ကွဲ စေရန် အကြောင်းပြချက် တစ်ခုပါ ဖြစ်လာကြောင်း သိရပါတယ်။
.
Ref: pocketlint
YoYarLay
No comments:
Post a Comment