ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးမှူး ဆူကမ်ဘန်းပရိဘတ် နေထိုင်ရာ သမိုင်းဝင်ဆူအန်ပကဒ် နန်းတော်ထဲသို့ ကြာသပတေးညက M26 လက်ပစ်ဗုံးတစ်လုံး ပစ်ထည့်ဖောက်ခွဲသွားသော်လည်း တစ်စုံတစ်ဦးမျှ ထိခိုက်ဒဏ်ရာရခြင်းမရှိဟု ဆိုသည်။
ည ၁၀ နာရီထိုးပြီးနောက် အိမ်တော်၏ကားရပ်နားဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ကာ ကားတစ်စီးပျက်စီး သွားပြီး မြေပြင်တွင် အနက် ၁၀ စင်တီမီတာကျင်းတစ်ခုဖြစ်သွားခဲ့သည်ဟု ရဲကဆိုသည်။ ယခုဗုံးသည် အင်္ဂါနေ့ညက ဒီမိုကရက်ခေါင်းဆောင် အဘီဇစ်၏ အိမ်ထဲသို့ပစ်ဖောက်ခွဲသွားသည့် ဗုံးအမျိုးအစား ပင်ဖြစ်သည်။ထိုနန်းတော်သည် သမိုင်းမတင်မှီခေတ်မှ ရတ္တနကောစင် ခေတ်ထိအသုံးပြုခဲ့သော ရှေးဟောင်းပစ္စည်း များကို ပြသထားသည့်နေရာဖြစ်ကာ ထိုင်းရိုးရာအိမ်လေးလုံးလည်း ထိုနေရာတွင် တည်ရှိသည်။ "ဒါမဖြစ် သင့်တဲ့ကိစ္စပဲ၊ ထိုင်းအားလုံးရဲ့ သမိုင်းဝင်နေရာ တစ်ခုကို အခုလိုတိုက်ခိုက်တာဟာ သွေးရိုးသွားရိုးမဟုတ် " ဟုဘန်ကောက်အုပ်ချုပ်ရေးမှုးက ပြောကြားခဲ့သည်။
ည ၈ နာရီအချိန်ကလည်း လုမ္ပီနီပန်းခြံရှိ ဆဌမမြောက်ရာမမင်းရုပ်တုရှိရာ PDRC ဆန္ဒပြစခန်းနားသို့ ဆိုင်ကယ်တစ်စင်းပေါ်မှ လက်ပစ်ဗုံးဖြင့်တိုက်ခိုက် သွားသည်။ ထိုနေရာ၌လည်း ထိခိုက်မှုတစ်စုံတစ်ရာ မရှိသေးကြောင်း ဆိုသည်။
LYT
ref - Bangkok Post
Popular Myanmar News Journal
No comments:
Post a Comment