Tuesday, January 14, 2014

Nokia Android ဖုန်း ပုံစံ ထွက်ရှိလာ



Nokia ရဲ့  ပထမဆုံး Android ဖုန်းပါဆိုပြီးတော့ Weibo social network မှာ လူသိများလာတဲ့ စမတ်ဖုန်း ဖြစ်ပါတယ်။ ဈေးသက်သာ Android စမတ် ဖုန်း ဖြစ်လာနိုင်ချေ များပါတယ်။

Android 4.4.1 KitKat ကို အသုံးပြုထားပြီး ကင်မရာက 5 Megapixel ပဲ ရှိပါတယ်။ မျက်နှာပြင် အရည်အသွေးက 854x540 resolution ရှိပါ တယ်။အရွယ်အစားကတော့ ၄ လက်မနဲ့ ၅ လက်မကြားမှာသာ ရှိမယ့် စမတ်ဖုန်း ဖြစ်ပါတယ်။ ထူးခြားချက် အနေနဲ့ Android ဖုန်းဖြစ်လာတဲ့ Nokia က Windows Phone OS အငွေ့အသက်ပါဝင်နေခြင်း ဖြစ်ပါတယ်။ အဓိက ကတော့ Skype တို့လိုမျိုး app တို့က built in app အနေနဲ့ ပါဝင် လာခြင်း ဖြစ် ပါတယ်။ User Interface ကလည်း Android ဆိုပေမယ့် Windows Phone UI နဲ့ ရောစပ်ထားတဲ့ Hybrid ပုံစံကို မြင်တွေ့ရမှာ ဖြစ်ပါ တယ်။

ဓာတ်ပုံထွက်ရှိလာတဲ့ Nokia ရဲ့  ပထမဆုံး Android ဖုန်း codename ကို Normandy လို့ အမည်ပေး ထားပါတယ်။ ၂၀၁၄ နှစ်လယ်မတိုင်ခင် ထွက်ရှိ လာမယ့် စမတ်ဖုန်း ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: pocketlint
YoYarLay

No comments:

Post a Comment

My Blog List