Monday, January 13, 2014

ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်



ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
သူ့ဆီက အများကြီး မမျှော်လင့်ပါနဲ့ ရိုးသားစွာ
ပေးဆပ်နိုင်အောင်ကြိုးစားပါ

ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
ကိုယ်ပျော်ရွှင်ဖို့တစ်ခုထဲကို အတ္တတွေနဲ့မတွေးပါနဲ့
သူ့ အတွက်ဆိုတဲ့အတွေးလေးရှိနေပေးပါ

ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
မျှော်လင့်ချက်တွေပဲ ပေးမိတဲ့သူ မဖြစ်မိပါစေနဲ့ သူ့အပေါ် ဂရုစိုက်မှုလေးတွေနဲ့တန်ဖိုးထားပေးပါ

ကိုယ့်ချစ်သူကို အရမ်းချစ်တယ်ဆိုရင်
သူ့အပေါ် တစ်ဘဝလုံးစာ လက်တွဲသွားချင်တဲ့
ချစ်ခြင်းတွေနဲ့အတူ သစ္စာရှိရှိ ချစ်နေပေး
နိုင်အောင်သာ ကြိုးစားပေးလိုက်ပါ

Khin Myo Aye
Poem

No comments:

Post a Comment

My Blog List