မြတ်ဗုဒ္ဓက မိခင်ကိုလောကီချမ်းသာတွေနဲ့
ကျေးဇူးဆပ်လို့ကတော့ ကျေနိုင်မည်မဟုတ်ပါဘူးတဲ့၊ လောကုတ္တရာတရားဖြင့်ကျေးဇူးဆပ်မှကျေနိုင်ပါကြောင်း
ဟောထားပါတယ်။
ဒီတော့ အမေနေ့မှာ မိမိ၏မွေးမိခင်ကို လောကုတ္တရာအမွေဖြင့်ကျေးဇူးဆပ်လိုက်ပါ။
၁-သဒ္ဓါတရားမရှိသေးသောမိခင်ကို သဒ္ဓါတရားကူ၍ဆပ်လိုက်ပါ။
၂-သီလတရားမရှိသေးသောမိခင်ကို သီလစင်ကြယ်စေ၍ဆပ်လိုက်ပါ။
၃-စာဂတရားမရှိသေးသောမိခင်ကို စာဂ(စွန့်ကြဲခြင်း)ရှိစေ၍ဆပ်လိုက်ပါ။
၎-ပညာတရားမရှိသေးသောမိခင်ကို ပညာတရားရင်မှာထိစေ၍ဆပ်လိုက်ပါ။
ဆောင်ပုဒ်။ ။
- အမေ့ကျေးဇူး၊ကျေချင်သူ၊သဒ္ဓါကူ၍ဆပ်။
-အမေ့ကျေးဇူး၊ကျေချင်သူ၊ သီလကူ၍ဆပ်။
-အမေ့ကျေးဇူး၊ကျေချင်သူ၊ စာဂကူ၍ဆပ်။
-အမေ့ကျေးဇူး၊ကျေချင်သူ၊ ပညာကူ၍ဆပ်။
လပြည့်ဝန်း [သာစည်]
Dhamma Danã Source ►
Young Buddhist's Association
No comments:
Post a Comment