Saturday, January 18, 2014

ကချင်စစ်ဘေးဒုက္ခသည် ကလေးငယ်တွေအတွက် ကျောင်းဆောက်လှူဒါန်း မယ့် ဂုဏ်ရည်အေးကျော်




ကချင်စစ်ဘေးဒုက္ခသည် ကလေးများပညာရေးအတွက် အလှူငွေများ ကောက်ခံပြီး ကျောင်းဆောက်ပေးသွားမည်ဖြစ်ကြောင်း အလှမယ် ဂုဏ်ရည်အေးကျော်ကပြောသည်။
““ကလေးတွေအတွက် ကျောင်းဆောက်သွားဖို့ ဒီကရန်ပုံငွေတွေအကုန်လုံးကို ကျောင်းဆောက်တဲ့နေရာမှာ လှူဒါန်းဖို့ စိတ်ကူးထားပါတယ်။ ကျောင်းကို ၀ါး၊ထရံနဲ့ဆောက်မယ်ဆို ကျပ် သိန်းတစ်ရာကျော် ကုန်ကျပါမယ်။ အောက်ခံအုတ်ဖောင်ဒေးရှင်းနဲ့ဆို သိန်းသုံးရာနဲ့ ငါးရာကြားမှာ ကုန်ကျမယ်လို့ သိရတဲ့အတွက် မဆန်းဘောက်ရာနဲ့အတူ ဂုဏ်ရည်အပါအ၀င် အလှူငွေကောက်ခံပြီးတဲ့အချိန် မတ်လအကုန်လောက် သွားရောက်လှူဒါန်းမယ်လို့ ခန့်မှန်းထားပါတယ်။ အဲဒီအချိန် ဖောင်ဒေးရှင်းစမယ်ဆိုရင် နောက်နှစ် ဇွန် ကျောင်းဖွင့်ချိန်အမီ ဆောက်လုပ်သွားဖို့ ရည်ရွယ်ထားလို့ပါ””ဟု ဂုဏ်ရည်အေးကျော်ကပြောသည်။

လတ်တလောတွင် စစ်ဖြစ်၍ မိုင်ဂျာယန်ဒေသသို့ ပြောင်းရွှေ့ လာသော ကလေးငယ်များအတွက် ကျောင်းဆောက်ပေးခြင်းဖြင့် ကလေးငယ်များ စာတတ်မြောက်ကာ စာပေပညာမှ ၀င်ငွေရရှိပြီး မိမိဘ၀ကို ရပ်တည်နိုင်ရန် ရည်ရွယ် လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်း ဂုဏ်ရည်အေးကျော်ကပြောသည်။
 
ပြီးခဲ့သည့် ဒီဇင်ဘာက ဂျပန်နိုင်ငံ တိုကျိုမြို့၌ ပြုလုပ်ခဲ့သော Miss International 2013 ပြိုင်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး Missosology ၀က်ဘ်ဆိုက်မှ ချီးမြှင့်သော People Choice Award ဆု ရရှိကာ ကချင်ပြည်နယ် စစ်ဘေးဒုက္ခသည်ကလေးများ ပညာရေးအတွက် အင်တာနေရှင်နယ်နှင့် ဂျပန်မီဒီယာဓာတ်ပုံသမားများအတွက် မော်ဒယ်တစ်ဦးအဖြစ် ဓာတ်ပုံရိုက်ကူးပေးပြီး ရန်ပုံငွေကောက်ခံခဲ့ရာ ဒေါ်လာ ခုနစ်ရာခန့် ရရှိခဲ့ကြောင်း ဂုဏ်ရည်အေးကျော်ကပြောသည်။
 
ကမ္ဘာ့အလှမယ်ပြိုင်ပွဲများအနက်မှ The Ideal Beauty(TIB) က ရွေးချယ်ထားသော Best National Costume ဆန်ခါတင် ၁၀ ဦး စာရင်းတွင် ဂုဏ်ရည်အေးကျော် ၀တ်ဆင်ယှဉ်ပြိုင်ခဲ့သော ကချင်ရိုးရာဝတ်စုံ ရွေးချယ်ခံရသည်။

7Day Daily

No comments:

Post a Comment

My Blog List