Wednesday, January 15, 2014



လာမည့်ဘဏ္ဍာနှစ်တွင် တပ်မတော်၏ စီမံကိန်းများအတွက် ငွေကျပ် ၂၂၈၂ ဘီလျံ အသုံးပြုမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ပြည်ထောင်စုလွှတ်တော်သို့ တင်ပြပြောကြားသည်။

ဇန်န၀ါရီ ၁၄ ရက်က ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်းချက်၊ လုပ်ငန်းစဉ်များ၊ နိုင်ငံပိုင်အခန်း ရင်းနှီးမြှုပ်နှံမှုများကို ရှင်းလင်းတင်ပြရာတွင် ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

တပ်မတော်စီမံကိန်းများအတွက် အသုံးပြုရန် လျာထားငွေကျပ် ၂၂၈၂ ဘီလျံသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်ပါက တပ်မတော်၏ ရသုံးခန့်မှန်ခြေစာရင်းအရ ဖြစ်ပေါ်လာမည့် တပ်မတော်၏ အသုံးစရိတ် ၂၂၈၉ ထက် ခြောက်ဘီလျံ လျော့နည်းမည်ဖြစ်ကြောင်း ၀န်ကြီးဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က . . . . .

ထိုသို့ ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ရှင်းလင်းပြောကြားရာတွင် တပ်တည်ဆောက်ရေးလုပ်ငန်း တာဝန်ကြီးလေးရပ်ဖြင့် တပ်မတော်၏ စီမံကိန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်နေခြင်း အခြေအနေများ၊ တပ်မတော်၏ ရိက္ခာ၊ လစာ၊ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်နေသော လုပ်ငန်းများ၊ ကြည်း၊ ရေ၊ လေအတွက် ၀ယ်ယူရသော ယာဉ်၊ စက်ပစ္စည်းအသုံးအဆောင်များ၊ တပ်မတော်ရှိ တက္ကသိုလ်များအတွက် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၊ နိုင်ငံတကာသို့ စွမ်းရည်မြှင့်သင်တန်းများ စေလွှတ်နေမှု စသည့်စံပြတပ်မတော်ဖြစ်အောင် စီမံကိန်းများ ချမှတ်အောင်မြင်အောင် အကောင်အထည်ဖော်မှု အခြေအနေများကို ထည့်သွင်းရှင်းလင်းခဲ့သည်။

“တပ်တည်ဆောက်တဲ့အခါ မြေသားလမ်း၊ ငွေကြေးတတ်နိုင်လို့ရှိရင် ကျောက်ခင်းလမ်း၊ ကျောက်ကြမ်းခင်းတဲ့လမ်း၊ ကျောက်ချောခင်းတဲ့လမ်း၊ ဒီထက်ငွေကြေးတတ်နိုင်ရင် ကတ္တရာခင်းလမ်းဆိုပြီးတော့ အဆင့်ဆင့်ပိုင်းခြားပြီးတော့ ဆောင်ရွက်ပေးရတဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။ အလားတူပဲ စစ်ဆင်ရေးနယ်မြေတွေမှာ စစ်ဆင်ရေးလည်း အထောက်အကူပြု နယ်စပ်ဒေသ ဖွံ့ဖြိုးရေးတွေမှာ ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုနိုင်တဲ့ လမ်းတံတားများကိုလည်း ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းတွေ သတ်မှတ်ထားပါတယ်။ နိုင်ငံခြားမှာရှိတဲ့ တပ်မတော်ပိုင် မြန်မာ့စစ်သံ ကြည်း၊ ရေ၊ လေ ရုံးအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းခြင်းဟာလည်း ကျွန်တော်တို့ရဲ့ စီမံကိန်း လုပ်ငန်းရပ်ထဲမှာ ပါဝင်ပါကြောင်း တင်ပြအပ်ပါတယ်” ဟု ဒုတိယဗိုလ်ချုပ်ကြီးဝေလွင်က ပြောကြားသည်။

ယင်းသို့ တပ်မတော်၏ အမျိုးသားစီမံကိန်းများနှင့်ဆက်စပ်၍ တပ်မတော်၏ ၂၀၁၄-၂၀၁၅ ဘတ်ဂျက်ကို လည်း ရှင်းလင်းတင်ပြရာတွင် တပ်မတော်စီမံကိန်းများအတွက် အသုံးပြုရန် လျာထားငွေကျပ် ၂၂၈၂ ဘီလျံသည် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကုန်ပါက တပ်မတော်၏ ရသုံးခန့်မှန်ခြေစာရင်းအရ ဖြစ်ပေါ်လာမည့် တပ်မတော်၏ အသုံးစရိတ် ၂၂၈၉ ထက် ခြောက်ဘီလျံ လျော့နည်းမည်ဖြစ်ကြောင်း ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က ရှင်းလင်းတင်ပြခဲ့သည်။

သို့ရာတွင် တပ်မတော်၏ စီမံကိန်းအတွက် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အသုံးပြုရန် လျာထားငွေမှာ ကျပ် ၂၂၈၂ ဘီလျံဖြစ်သော်လည်း ဘဏ္ဍာရေးဝန်ကြီးဌာနမှ လစာနှင့်စရိတ်အတွက် ၈၃ ဘီလျံ ထပ်ပိုထားသည့်အတွက် စုစုပေါင်းငွေကျပ် ၂၃၆၅ ဘီလျံဖြစ်သွားကြောင်း သိရသည်။

ထို့အပြင် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု၏ ဘတ်ဂျက်မှ ၁၃ ဒသမ ၆ ရာခိုင်နှုန်း အသုံးပြုထားပြီး လာမည့်နှစ်တွင် ၁၂ ဒသမ ၂၆ ရာခိုင်နှုန်းသာ အသုံးပြုရန် လျာထားကြောင်း ဒုတိယဗိုလ်ချုပ်ကြီးဝေလွင် က ပြောကြားသည်။

Eleven Media Group

No comments:

Post a Comment

My Blog List