Tuesday, January 14, 2014

နုပျိုမှုရဲ့ လျှို့ဝှက်ချက်





          နုပျိုနေဖို့ဆိုတာ တကယ်တမ်းတော့ ထင်သလောက်မခက်ပါဘူး။ ကျန်းမာနေမှ နုပျိုမှာပါ။ ဒီတော့ အာဟာရပြည့်ဝပြီး ဆေးဖက်ဝင်တဲ့ အစားအသောက်စာရင်းအနည်းငယ် သိထားရုံနဲ့ သင်နုပျိုမှုကို ပိုင်ဆိုင်နိုင်ပါတယ်။

(၁)     ဟင်းနုနွယ်ရွက်

          အလုပ်စားပွဲမှာ တနေကုန်ထိုင်နေရသူတွေ ၊ ကွန်ပျူတာ တာရှည်စွာ သုံးစွဲနေရသူတွေနဲ့ ပတ်ဝန်းကျင် အညစ်အကြေးတွေကြောင့် အနီရောင်သန်းချင်နေတဲ့ ၀ါကျင်ကျင် မျက်လုံးတွေကို ပိုင်ဆိုင်ရတတ်ပါတယ်။ ဒါဟာ ကျန်းမာရေးအတွက်မကောင်းသလို အလှအပကိုလည်း ဖျက်ဆီးရာရောက်ပါတယ်။ ဟင်းနုနွယ်ရွက်က သင့်ရဲ့မျက်လုံးတွေ ဖြူစင်ပြီး တောက်ပနေစေဖို့ အကောင်းဆုံးဆေးပါ။

(၂)     အိုမီဂါ-3 ဖက်တီးအက်ဆစ်

          လှပပြီး သဘာဝအတိုင်း ပန်းရောင်သန်းနေတဲ့ လက်သည်းလေးတွေဆိုတာ ကျန်းမာမှုရဲ့ သင်္ကေတ တစ်ခုပါပဲ။ လက်ပဲ့ရွဲ့နေတဲ့ လက်သည်းနဲ့ မဲညစ်ညစ်လက်သည်းတွေကိုတော့ ဘယ်သူမှ မလိုချင်ပါဘူး။ အိုမီဂါ-3 ဖက်တီးအက်ဆစ်ဓါတ်ပါဝင်တဲ့ ငါးတွေ စားသုံးပေးရင်တော့ ဒီအဖြစ်မျိုးကနေ ကင်းဝေးနိုင်ပါတယ်။ ဒါမှမဟုတ် ပင်လယ်ငါးကြီးဆီ ဆေးတောင့်လေးတွေ သောက်သုံးပေးရင်လည်း ရပါတယ်။

(၃)     ကြက်ဥ

          Vin Diesel တစ်ယောက်ကလွဲပြီး ဆံပင်မရှိတာဟာ လှတယ်လို့တော့ သင်ပြောမှာ မဟုတ်ပါဘူး။ တကယ်လို့များ သင်ဟာ ဆံပင်သန်စွမ်းမှု အားနည်းသူတစ်ယောက်ဆိုရင်တော့ ကြက်ဥဟာ အကောင်းဆုံး အစားအစာပါပဲ။ ကြက်ဥမှာပါတဲ့ သံဓါတ်က ဆံပင်ကျွတ်တာကို ကာကွယ်ပေးပါတယ်။ ပြီးတော့ ကြက်ဥမှာ ပါဝင်တဲ့ ဗီတာမင်-ဘီက သင့်ရဲ့ စိတ်ဖိစီးမှုတွေကို လျော့ချပေးနိုင်ပါတယ်။

(၄)     ထောပတ်သီး

          ကဲ-ကဲ spa တွေသွားပြီး တစ်ကိုယ်လုံး ပေါင်းတင်မနေနဲ့တော့နော်။ ထောပတ်သီးက တောက်ပတဲ့ အသားအရေအတွက် အထိရောက်ဆုံး အစားအစာပါ။ ထောပတ်သီးမှာ  ဗီတာမင်-အီး အပြည့်အ၀ ပါဝင်တဲ့အတွက် သင့်အသားအရေ ကျန်းမာစိုပြည်စေမှာဖြစ်ပြီး ချောမွေ့စိုပြည်စေအောင်လည်း အထောက်အကူပေးပါတယ်။

(၅)     မာလကာသီး

          အချိန်မတိုင်မီ အိုမင်းရင့်ရော်သူတွေကတော့ မာလကာသီးကို တစ်ပတ်မှာ သုံးကြိမ်လောက် စားပေးသင့်ပါတယ်။ မာလကာသီးမှာပါဝင်တဲ့ ဗီတာမင်-စီက လိမ္မော်သီးမှာ ပါဝင်တာထက်တောင် များပါတယ်။ အန်တီအောက်ဆီးဒင့် တွေကို ကာကွယ်ပေးနိုင်တဲ့အတွက် သင့်ကို အချိန်အတော်ကြာ နုပျိုနေစေ နိုင်ပါတယ်။

          ကဲ- ကျွန်ုပ်တို့ မထင်ထားတဲ့ အစားအစာလေးတွေက ကျွန်ုပ်တို့ကို ငယ်ရွယ်နုပျိုနေစေဖို့ ဘယ်လောက် အကျိုးပြုနိုင်တယ်ဆိုတာ သိပြီပေါ့နော်။

Ref:mensxp
Trend Myanmar

No comments:

Post a Comment

My Blog List