ရာမာရှစ်တံတားကြီး ၊ ဒွန်မောင်း လေဆိပ် နဲ့  သုဝဏ္ဏ ဘူမိလေဆိပ် ကို သွားတဲ့ လမ်းတွေ ကို ဆန္ဒ ပြသူတွေ က ထရပ် ကားကြီး တွေ မော်တော် ကား တာယာ တွေ နဲ့  ပိတ်ဆို့ ထား လိုက် ပါပြီ။ဘန်ကောက် မြို့ လည် မှာတော့ အရေး ပါတဲ့ လမ်းဆုံ လမ်းခွ တွေ ကို ဆန္ဒ ပြသူတွေ က ၀င်ရောက်လာ လို့ လုံခြုံရေး တပ်ဖွဲ့  တွေ က နောက်ဆုတ် သွား တာ လည်း ရှိ ပြီး စစ်တပ် က တင့် ကား တွေ ရှိ တဲ့ နေရာ ကိုတော့ ဆန္ဒုပြသူ တွေ က ရှောင် သွားတာ တွေ့ ရ ပါတယ်။
ဒီမိုကရတ် ပါတီ ခေါင်းဆောင် နဲ့  ဒုဝန်ကြီး ချုပ် ဟောင်း ဆူသပ်သောင်ဆူဗန်း ဦးဆောင် တဲ့People’s Democratic Reform Committee (PRDC) က နေ ယင်လပ် ရှင်နာဝတ်ထရာ အစိုးရပြုတ်ကျ စေဖို့  ဒီပိတ်ဆို့  မှုကြီးကို ဦးဆောင်တာ ဖြစ် ပါတယ်။
Freedom News Group(Burma)
No comments:
Post a Comment